စျေး မီဒီယာ
မမွေးဖွားမှီ

ကိုယ်ဝန်ဆောင် မိခင်တို့ အတွက် မနက်အိပ်ရာထချိန် နှင့် ည အိပ်ရာမဝင်ခင် လေ့ကျင့်ခန်း

Posted by Ngu Wah April 26, 2019
Mjfrm28tkhrpfuykhro7

ကိုယ်ဝန်ဆောင်စဉ် ကာလတေွမှာ ပုံမှန်ထက်ပိုပြီး ပင်ပန်းနွယ်နယ် လွယ်တတ်ကြပါတယ်။ ခန္ဓာကိုယ်လေးလံပြီး ညောင်းညာ ကိုက်ခဲ တတ်တာကြောင့် စိတ်မလန်းဆန်းတာတေွ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်တေွရဲ့ တနေ့တာ အချိန်တေွမှာ လန်းလန်းဆန်းဆန်း လှုပ်ရှားနေထိုင်နိုင်ပြီး ကောင်းကောင်း အိပ်စက် အနားယူနိုင်ဖို့ အတွက် လွယ်ကူတဲ့ လေ့ကျင့်ခန်းလေးတေွ လုပ်ပေးသင့်ပါတယ်။ မနက်အိပ်ရာထချိန်နဲ့ ညအိပ်ရာမဝင်ခင် ပြုလုပ်ရမယ့် လေ့ကျင့်ခန်းတေွကို ဖော်ပြပေးလိုက်ပါတယ်။

Zemcrt0h8t0h6cofejkt

မနက်ခင်းလေ့ကျင့်ခန်း (၁)
==============
နံရံနှင့် တစ်ဖြောင့်တည်း ကျောမှီပြီးရပ်ပါ။ ဦးခေါင်း၊ ပုခုံး၊ တင်ပါးနှင့် ခြေဖနောင့်တေွဟာ နံရံနှင့် ထိနေရပါမယ်။ ၀မ်းဗိုက်ထိရောက်အောင် အသက်ရှူသွင်း ရှူထုတ်လုပ်ပါ။ အထက်ပါ အတိုင်း ၃ ကြိမ် ပြုလုပ်ပေးပါ။

V0mwx6jy8fd5jiin9gzl

မနက်ခင်းလေ့ကျင့်ခန်း (၂)
===============
နံရံနှင့် မျက်နှာချင်းဆိုင် လက်တစ်ကမ်း အကွာအဝေးတွင် ရပ်ပြီး လက်နှစ်ဖက်ကို နံရံပေါ် ထောက်ထားပါ။ တင်ကို တစ်ပေခန့် ကားထားပြီး ရပ်နေပါ။ ရင်ဘတ်ကို ပင့်တင်သည့် အနေအထားဖြင့် ပုံပါအတိုင်း ရေှ့သို့ အနည်းငယ် ကိုင်းထားကာ ဒူးကိုလည်း အနည်းငယ် ကေွးထားရပါမယ်။

ကျောကို ကြောက်တစ်ကောင်ကဲ့သို့ ကေွးထားရင်း အသက်ရှူသွင်း၊ ရှူထုတ် ပြုလုပ်ပေးပါ။ ထိုအနေအထား အတိုင်း စက္ကန့် အနည်းငယ်မှျ နေရပါမယ်။ အဲဒီနောက် ရင်ဘတ်မှ ကျောဘတ်သို့ ရောက်အောင် အသက်ရှူသွင်း၊ ရှူထုတ် ပြုလုပ်ပေးပါ။ အထက်ပါ အနေအထား အားလုံးကို တစ်လှည့်စီ ၃ ကြိမ် ပြုလုပ်ပေးပါ။

Drwge3azqkxezw3cne8f

အိပ်ရာမဝင်ခင်လေ့ကျင့်ခန်း (၁)
=================
ဘယ်ဖက်ဒူးကို ကေွးထားပြီး၊ ညာဖက်ခြေထောက်ကို ဆန့်ထုတ်ထားပါ။ ညာဖက်ခြေဖဝါး အစွန်းဟာ ဘယ်ဖက်ဒူးနဲ့ တစ်တန်းတည်း ဖြစ်နေရပါမယ်။ ညာဖက်လက်ဖဝါးကို ညာဖက်ပေါင်ရဲ့ အရေှ့မှာ ပုံပါအတိုင်း ဆန့်တန့်ထားပြီး ဘယ်ဖက်လက်ကို မြေှာက်ထားပါ။ မြေှာက်ထားတဲ့ ဘယ်ဖက်လက်ရဲ့ တံတောင်ဆစ်ဟာ ဘယ်ဖက်နားရွက်နဲ့ ထိနေရပါမယ်။

အဲဒီနောက် အသက်ရှူသွင်းရင်း ညာဘက်လက်ကို ဆန့်နိုင်သလောက် ဆန့်ထုတ်ပေးပါ။ အသက်ရှူ ထုတ်တဲ့အခါမှာတော့ ညာဖက်လက်ကို အနည်းငယ် အားလျော့ပြီး ရှူထုတ်ပေးရပါမယ်။ အထက်ပါအတိုင်း ၂ ကြိမ်၊ ၃ ကြိမ် ပြုလုပ်ပါ။ ခြေထောက်နှစ်ဖက်ကို တစ်လှည့်စီ ပြောင်းပြီး လေ့ကျင့်ပေးရပါမယ်။

Lu9vaoml5j5l6prwqrtn

အိပ်ရာမဝင်ခင်လေ့ကျင့်ခန်း (၂)
=================
ခြေ လက် အားလုံးကို ပုံပါအတိုင်း အိပ်ရာပေါ်မေှာက်ပြီး ကေွးထားပါ။ လက်နှစ်ဖက်ကို အရေှ့တစ်ဖက်ဆီ ဆန့်ထားပြီး နဖူးကို အိပ်ရာခင်းနှင့် ထိနေအောင် မေှာက်ထားပါ။ ထိုအနေအထားအတိုင်း နေနိုင်သလောက် နေပေးပါ။ ဒီလေ့ကျင့်ခန်ဟာ ကျောရိုးနဲ့ လည်ပင်းတစ်လေှျာက် အကြောပြေ စေပါတယ်။
Ref; မေ့ရင်သေွးမဂ္ဂဇင်း

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.