မေမေတို့ရေ ရင်သွေးငယ်လေးတွေ နို့အခဲတွေအန်လို့ စိတ်ညစ်နေရတာတွေရှိတတ်တယ်ဟုတ်။ တကယ်တော့ ဘေဘီလေးတွေနို့အခဲအန်တယ်ဆိုတာ အစာမကြေလို့ဖြစ်တတ်တာပဲဖြစ်ပါတယ်။ မိခင်နို့ချိုကိုပဲတိုက်ကျွေးတဲ့ကလေးတွေဆိုရင်တော့ အစာကြေလွယ်နေတာကြောင့် နို့အခဲအန်ဖို့ ခဲယဉ်းပါတယ်။ ဒါပေမယ့်လည်း နို့မှုန့်ဖျော်တိုက်တတ်တဲ့ မိခင်တွေရဲ့ ဘေဘီလေးတွေကတော့ နို့အခဲအန်တတ်ပါတယ်။ အဲ့ဒီလိုဖြစ်ခဲ့မယ်ဆိုရင် ဘေဘီလေးတွေကို လေဆေး၊ အစာကြေဆေးလေးကို တိုက်ကျွေးပေးလို့ရပါတယ်။ နောက်ပြီး နို့မှုန့်ဖျော်တဲ့ အချိုးအစားကိုလည်း မှန်ကန်မှုရှိ၊ မရှိ နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်ပြီး ပြန်လည်စစ်ဆေးကြည့်ပေးပါနော်။
မေ့ရင်သွေးမဂ္ဂဇင်း၊ မေးလိုရာမေး မေ့ရင်သွေးကဏ္ဍမှ ကောက်နုတ်ချက်
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး