ရေနဂါးဆိုတာ ငါးတစ်မျိုးပါ။ သူတို့က ရေထဲ မှာနေပါတယ်၊ ပါးဟတ်နဲ့ အသက်ရှုတယ်၊ ဗိုက်ထဲမှာ စည်ဖောင်းရှိတယ်။ ဒါပေမယ့် သူတို့အမြှီးက ရေကိုယက်ပြီး ကူးခတ်နိုင်တဲ့ ဆူးတောင်မဟုတ်ဘူး။ တစ်ခုခုကို ရစ်ပတ်ပြီး ဆုတ်ကိုင်ထားနိုင်တဲ့ မျောက်အမြီးလို အမြီးမျိုး၊ ပြီးတော့ သူတို့က ရေကူးတဲ့အခါ တစ်ခြားငါး တေွလို အလျားလိုက် မကူးဘူး၊ ဒေါင်လိုက် မတ်တတ်ကြီး ကူးကြပါတယ်။ ရေနဂါးရဲ့ မျက်စိနှစ်ဖက်က တစ်ဖက်တစ်နေရာစီ ခွဲပြီးကြည့်လို့ ရပါတယ်။ ဒါကြောင့် တစ်ဖက်နဲ့ အစာရှာနေတုန်း နောက်တစ်ဖက်နဲ့ ရန်သူကို မျက်ခြေမပြတ် စောင့်ကြည့် နေနိုင်ပါတယ်။
ရေနဂါးရဲ့ ပုံစံက အတော်ထူးခြားတယ်။ ရေနေသတ္တဝါဖြစ်ပေမယ့် ခေါင်းပိုင်းချည်းကွက်ပြီးကြည့်ရင် ကုန်းနေသတ္တဝါဖြစ်တဲ့ မြင်းနဲ့ တော်တော်တူပါတယ်။ သူတို့ရဲ့ ထူးခြားတဲ့အချက်လေးကတော့ အထီးကလေးတေွက ကိုယ်ဝန်ဆောင်ကြပါတယ်တဲ့။ ရေနဂါးလေးတေွက အပူပိုင်းနဲ့ သမပိုင်ဒေသ ပင်လယ်ရေတိမ်တေွမှာ တေွ့ရတတ်ပါတယ်တဲ့။ အရွယ်အစားကတော့ မျိုးစုံရှိပြီး တချိုူက လက်မတစ်ဝက်လောက်ပဲ ရှိပါတယ်။ တချို့အကောင်တေွကတော့ ၁၄ လက်မလောက် ရှိကြပါတယ်။
ရေနဂါးအထီးလေးတေွရဲ့ ၀မ်းဗိုက်ရေှ့မှာ သားအုပ်အိတ် ဆိုတာရှိပါတယ်။ အထီးနဲ့ အမ မိတ်လိုက်တဲ့အခါ အမက အဲဒီအိတ်ထဲကို သားဥတေွလာ ထည့်ပြီး ဥလေးတေွ မျိုးအောင်သွားအောင် အထီးကလေးက ဆက်လုပ်ပေးရပါတယ်တဲ့။ ပြီးတော့အကောင်းလေးတေွ ပေါက်လာတဲ့အထိ အထီးကလေးကပဲ ဥတေွကို ဆက်ပြီး ထိန်းသိမ်းထားရပါတယ်တဲ့။ ၂ -၄ ပတ်လောက်ဆို အကောင်လေးတေွ ပေါက်လာပါတယ်.။ သားပေါက်လေးတေွကိုတော့ ရေနဂါးအထီးလေးက ခန္ဓာကိုယ်ကို ကေွးချည်ဆန့်ချည်လုပ်ရင် တစ်ကောင်ချင်း မေွးယူရပါတယ်။
ရေနဂါးမျိုးပေါ် မူတည်ပြီး တချို့လည်း တစ်ခါမေွးရင် အကောင်တစ်ရာ၊ နှစ်ရာမေွးပါတယ်။ ငါးကောင်လောက်ပဲ ပေါက်တဲ့အမျိုးအစားလည်း ရှိပါတယ်။ ရေနဂါးလေးက ပင်လယ်မြက်ပင်ဖြစ်ဖြစ်၊ သန္တာ ကျောက်ဆောင် ဖြစ်ဖြစ် တစ်ခုခုကို အမြှီးနဲ့ ဆုပ်ကိုင်ထားပြီး ရေထဲမျောပါလာတဲ့ ရေမျော်ပင်လေးတေွ၊ ပုရွက်ဆိတ်လေးတေွကို ဖမ်းစားလေ့ ရှိပါတယ်။ ရေနဂါး တစ်ကောင်က တစ်နေ့မှာ ရေငန်ပုဇွန်ဆိတ် ကောင်ရေ ၃၀၀၀ ကျော်စားနိုင်တယ်။ သူတို့ကအများကြီး စားလို့မဖြစ်ပါဘူ။ သူတို့လေးတေွမှာ အစာအိမ် မရှိတဲ့ အတွက် (ရေနဂါးလေးတေွမှာ သွားလည်းမရှိပါဘူး) ပါးစပ်က စားလိုက်တဲ့ အစာက အောက်ကနေ အချိန်တို အတွင်း ပြန်ထွက်သွားပါတယ်။