မေမေတို့ရေ ဘေဘီလေးတွေကို ဗိုက်ခွဲမွေးဖွားပြီးတဲ့နောက်မှာ တင်ပဆုံတွေ ကိုက်ခဲနာကျင်တာမျိုးတွေဖြစ်တတ်ပါတယ်နော်။ တကယ်တော့ အဲ့ဒီလိုနာကျင်ကိုက်ခဲရတာဟာ ကိုယ်ဝန်ဆောင်စဉ်က ရရှိခဲ့တဲ့ ဒဏ်တွေလည်းဖြစ်ပါတယ်။ ဗိုက်ခွဲမွေးတဲ့ မေမေတွေသာမက ရိုးရိုးမွေးဖွားတဲ့ မေမေတို့လည်းကြုံရတတ်ပါတယ်။ ဗိုက်ခွဲလိုက်လို့ဖြစ်တယ်ဆိုတာမျိုးတော့မဟုတ်ပါဘူးနော်။ အဲ့ဒီလို တင်ပဆုံကိုက်ခဲတာတွေဟာ ၄၂ ရက်ကျော်ရင် ပြန်ကောင်းသွားနိုင်ပါတယ်။ မေမေတို့တွေအဲ့ဒီလိုမဖြစ်အောင်နဲ့ ဖြစ်ပွားနေတယ်ဆိုရင်သက်သာအောင် အနေအထိုင်ဆင်ခြင်သင့်ပါတယ်။ အကိုက်အခဲပျောက်အောင် ပါရာစီတမောလောက်တော့ သောက်သုံးနိုင်ပါတယ်။ နောက်ပြီး မေမေတို့ရဲ့ အရိုးအဆစ်တွေကောင်းမွန်စေဖို့ နွားနို့ကိုလည်း နေ့တိုင်းသောက်သင့်ပါတယ်နော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး