မေမေတို့ရေ ဘေဘီလေးတွေ ရှူးရှူးပေါက်တာပဲဖြစ်ဖြစ်၊ အီအီးပါတာပဲဖြစ်ဖြစ် အညစ်အကြေးတစ်ခုခုစွန့်ထုတ်ပြီးပြီဆိုတာနဲ့ ရေပေါပေါများများနဲ့ ဆေးကြောသန့်စင်ပေးဖို့လိုပါတယ်။ တချို့ဝဝကစ်ကစ်ဘေဘီလေးတွေဆိုရင် ခြေထောက်အရစ်ကြားတွေ၊ ပေါင်ကြားအရစ်တွေကြားထဲအထိ သေချာဆေးကြောသန့်စင်ပေးရပါမယ်။ ရေပေါပေါများများနဲ့ ဆေးကြောမှုမရှိဘူးဆိုရင် အခန့်မသင့်တဲ့အခါ တင်ပါးနဲ့ ပေါင်ကြားတွေမှာ ဆီးလောင်၊ အီးလောင်တာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်နော်။
နောက်ပြီး အချို့မေမေတွေက ပူအိုက်တဲ့ရာသီတွေပါမကျန် သားသားမီးမီးတို့ကို ညဘက်အိပ်စက်ချိန်မှာ ဒိုက်ဗာကိုတစ်ချိန်လုံးဝတ်ပေးထားတာ၊ အိမ်မှာနေရင်းတစ်ချိန်လုံး ဒိုက်ဗာကို မလဲလှယ်ဘဲ ဝတ်ပေးထားတာတွေပြုလုပ်လေ့ရှိတတ်ပါတယ်။ အချိန်ကြာမြင့်စွာနဲ့ ဒိုက်ဗာကိုဝတ်ဆင်ထားမယ်ဆိုရင် နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ အနာပေါက်တာ၊ ဖျားနာတာတွေကို ခံစားရတတ်ပါတယ်။ ရင်သွေးငယ်လေးတွေ ရှူးရှူး၊ အီအီးပါပြီးတာနဲ့ ဒိုက်ဗာကိုလဲလှယ်ဆေးကြောသန့်စင်ပေးမယ်ဆိုရင်တော့ နောက်ဆက်တွဲဆိုးကျိုးတွေမရှိနိုင်ပေမယ့် အချို့တွေကတော့ အလုပ်များနေတာ၊ ညဘက်အိပ်ချိန်ဖြစ်နေတာတွေကြောင့် အညစ်အကြေးစွန့်ပြီးပြီးချင်း လဲလှယ်ပေးမှုမပြုနိုင်တဲ့အခါ ကလေးတွေနောက်ဆက်တွဲဆိုးကျိုးတွေဖြစ်ပေါ်နိုင်လို့ မေမေတို့အားလုံးက ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်နော်။
(မေ့ရင့်သွေးမဂ္ဂဇင်းမှ ကောက််နုတ်ချက်)
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး