စျေး မီဒီယာ
အခြား

ဘေဘီလေးတွေကို ရေချိုးပေးဖို့အတွက် ဆောင်ရန်၊ ရှောင်ရန်များ

Posted by May Thaw Htoo August 20, 2022
Vjkblarr04jcw7c60jq9

မေမေတို့ရေ ဘေဘီလေးတွေကို ရေချိုးပေးဖို့အတွက်ဆိုရင်တော့ မနက် ၁၀ နာရီကနေ မွန်းလွဲ ၁၂ နာရီအကြားမှာ ရေချိုးပေးဖို့အတွက် အသင့်တော်ဆုံးပါပဲနော်။ အချို့မေမေတွေကတော့ ညနေဘက်မှာ ရေချိုးပေးတာမျိုးရှိတတ်ကြပါတယ်။ ညနေဘက်ရေချိုးတာကို ပြုလုပ်နိုင်တယ်ဆိုပေမယ့် အသင့်တော်ဆုံးအချိန်တော့မဟုတ်ပါဘူးနော်။ ရင်သွေးငယ်လေးတွေကို ရေချိုးပေးရာမှာ ရာသီဥတုအပေါ်မူတည်ပြီး ရေနွေး၊ ရေအေးတို့နဲ့ ရေချိုးပေးနိုင်ပါတယ်။

နောက်တစ်ချက်သတိပြုသင့်တာကတော့ ရေချိုးပေးဖို့အသုံးပြုတဲ့ ဆပ်ပြာ၊ ဆပ်ပြာရည်တွေကို အန္တရာယ်များတဲ့ ဓာတုပစ္စည်းတွေ ပါ၀င်မှုနည်းပါးတဲ့(ဒါမှမဟုတ်) မပါဝင်တဲ့ ဆပ်ပြာကိုရွေးချယ်သင့်ပါတယ်။ အကောင်းဆုံးကတော့ အသက်အရွယ်အလိုက် ကလေးငယ်တွေသုံးစွဲဖို့သင့်တဲ့ ကလေးသုံးဆပ်ပြာတွေကို ရွေးချယ်ပေးသင့်ပါတယ်။ ခေါင်းလျှော်ပေးမယ်ဆိုရင်တော့ လူကြီးခေါင်းလျှော်ရည်တွေကို လုံးဝ(လုံးဝ) မသုံးစွဲသင့်ပါဘူး။ ကလေးသုံးသီးသန့်ကိုပဲသုံးစွဲသင့်ပါတယ်နော်။

ရေချိုးပေးပြီးတဲ့အခါမှာလည်း ရာသီဥတုအပေါ်မူတည်ပြီး အဝတ်အစားကိုရွေးချယ်ဝတ်ဆင်ပေးရပါမယ်။ အဓိကကတော့ ကလေးတွေရဲ့အဝတ်အစားကို လျှော်ဖွတ်သန့်စင်ပြီး ခြောက်သွေ့တဲ့အခါ မီးပူတိုက်ပြီးမှသာ ကလေးတွေကို ဝတ်ဆင်ပေးသင့်ပါတယ်နော်။

(မေ့ရင်သွေးမဂ္ဂဇင်းမှ ကောက်နုတ်ချက်)

မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.