ဖေဖေ၊ မေမေတို့ရေ သက်ငယ်မုဒိမ်းမှုတွေများပြားလာတာနဲ့အတူ ကြိုတင်ကာကွယ်နိုင်ဖို့အတွက် မိဘတွေအနေနဲ့ လိုက်နာကျင့်သုံးရမယ့်အချက်လေးတွေကို ကျားလေးက မျှဝေပေးမယ်နော်။
- ကလေးတွေရဲ့ ရင်ဘတ်၊ ခါးအောက်ပိုင်းနဲ့ တင်ပါးတို့ကို အထိအကိုင်မခံစေဖို့နဲ့ အထိခံရပါက မိဘ၊ မောင်နှမသားချင်းတွေထံကို တိုင်ကြားဖို့ သင်ပြထားပေးရပါမယ်။
- ကလေးတွေကို မိမိမျက်ကွယ်မှာ ဘယ်သူ့ထံကိုမှ အပ်နှံမထားသင့်ဘူး။
- နေအိမ်မှမွေးရာသို့ ကလေးတစ်ယောက်တည်း ခိုင်းစေတာ၊ စေလွှတ်တာတွေကို မပြုလုပ်သင့်ပါဘူး
- မူးယစ်ဆေးဝါးအရက်သေစာ သောက်စားထားသူတွေအနီးမှာ ကလေးကိုလုံးဝမထားပါနဲ့။
- ကလေးရှေ့မှာ လိင်ပိုင်းဆိုင်ရာအပြုအမူတွေ မပြုလုပ်မိအောင် ရှောင်ကြဉ်ပါ။
- လူမြင်ကွင်းမှာ ကလေးတွေကို အဝတ်အစားလဲမပေးပါနဲ့။ ရေချိုးမပေးပါနဲ့။
- ရေချိုးချိန်၊ အိမ်သာတက်ချိန်စတဲ့ မလွဲရှောင်သာတဲ့ အခြေအနေတွေကတစ်ပါး အခြားအချိန်တွေမှာ ကလေးငယ်တွေရဲ့ လိင်အင်္ဂါကို မိဘတွေကကိုင်တွယ်စနောက်တာမျိုး မပြုလုပ်သင့်ပါဘူး။
- နှုတ်ခမ်းကို နမ်းတာကအစ မိဘတွေကဆင်ခြင်သင့်ပါတယ်။ (အခြားသူတွေကနမ်းတဲ့အခါ ချစ်လို့နမ်းတာလို့ ကလေးကယူဆနိုင်ပါတယ်)
- သွေးဆောင်ဖြားယောင်းခေါ်ဆောင်တတ်တာကြောင့် မိဘတွေမသိဘဲ ဘယ်သူနဲ့မှ လိုက်ပါမသွားမိစေဖို့အတွက် ကလေးကို သွန်သင်ဆုံးမထားသင့်ပါတယ်။
- ကလေးထံမှာ ပြောင်းလဲလာတဲ့ အပြုအမူတွေ၊ အနေအထိုင်တွေရှိလာပါက ချက်ချင်းမေးမြန်းသင့်ပါတယ်။
- ကလေးတွေမှာ ရင်ဖွင့်တဲ့ ပြောစကားကို အလေးထားနားထောင်ပေးရပါမယ်။
- သက်ငယ်မုဒိမ်းမှုဆိုင်ရာ ကိစ္စရပ်တွေကို ကလေးတွေနားလည်သိရှိအောင် သိတတ်စကလေးအရွယ်ကစပြီး ဗဟုသုတအဖြစ်ပြောပြထားပေးဖို့လိုပါတယ်။
မေမေ၊ ဖေဖေတို့ရေ ဒီအချက်လေးတွေကို လိုက်နာဆောင်ရွက်ပြီး ရင်သွေးငယ်လေးတွေ အန္တရာယ်မကျရောက်စေဖို့ ဆောင်ရွက်ပေးနိုင်ကြပါစေနော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး