မေမေတို့ရေ ကလေးငယ်တွေအတွက် မျက်စေ့ကလည်း အရေးကြီးပြီး ဂရုစိုက်ပေးဖို့အတွက် လိုပါသေးတယ်နော်။ မျက်စိထိခိုက်ပျက်စီးသွားမယ်ဆိုရင် မျက်မမြင်ဖြစ်ပြီး ကလေးဘဝရှုံးနိုင်ပါတယ်။ အခုအခါမှာ ဖုန်းကိုင်သူတွေပေါများလာပြီး ကလေးချော့တဲ့အခါမှာ ဖုန်းနဲ့ချော့တတ်ကြပါတယ်။ ကာတွန်းကားတွေကို ဖုန်းနဲ့ပေးကြည့်ပါတယ်။ ဂိမ်းပေးဆော့တတ်ကြပါတယ်။
အဲ့ဒီလိုပြုလုပ်တာက ကလေးရဲ့မျက်စိအာရုံပျက်စီးစေပြီး မျက်စေ့မှိတ်တုတ်ဖြစ်ခြင်း၊ အကြောဆွဲခြင်း၊ မျက်မှန်အစောကြီးတပ်ရခြင်းတွေကို ဖြစ်စေတတ်ပါတယ်။ အဲ့ဒါကြောင့် မေမေတို့က ကလေးငယ်တွေကို ဖုန်းပေးမကိုင်သင့်သလို ဖုန်းနဲ့ချော့တာကလည်း ရှောင်ကြဉ်သင့်ပါတယ်နော်။
နောက်ပြီးအချို့ကလေးတွေက မျက်စိယားတဲ့အခါ ညစ်ပေတဲ့လက်နဲ့ ပွတ်တတ်ကြပါတယ်။ အဲ့ဒီလိုမပြုလုပ်အောင် မေမေတို့က ဂရုစိုက်သင့်ပါတယ်။ သန့်ရှင်းတဲ့ တစ်ရှူး၊ သန့်စင်တဲ့အဝတ်စတို့နဲ့ သုတ်သင်ဖို့အတွက် မေမေတို့ကိုယ်တိုင်က အကျင့်လုပ်ပေးသင့်ပါတယ်။ အဲ့ဒီအဝတ်တွေကိုလည်း သန့်စင်နေဖို့အတွက် မေမေတို့က ဂရုစိုက်ပေးရပါမယ်နော်။
ရင်သွေးငယ်တွေ မျက်စိရောင်ရင်၊ မျက်စိနာရင် တတ်ကျွမ်းတဲ့ မျက်စိဆရာဝန်တွေနဲ့ ပြသပြီး မျက်စဉ်ခတ်သင့်ပါတယ်။ ဆေးမြီးတိုတွေမသုံးစွဲသင့်ပါဘူး။
အရွယ်ရောက်လာတဲ့ကလေးတွေ ဖုန်းနဲ့ကစားမယ်ဆိုရင်လည်း အလင်းရောင်နဲ့ ခပ်ကွာကွာမှာကိုင်စေပြီး ၁၅ မိနစ်ထက်ပိုပေးမထားသင့်ပါဘူးနော်။
မျက်စိကျန်းမာရေးအတွက် အဝါရောင်အသီးအနှံတေွှဖစ်တဲ့ သင်္ဘောသီးမှည့်၊ သရက်သီးမှည့်၊ မုန်လာဥနီ၊ ဗီတာမင်အေဆေးလုံးတို့ကို သားသားမီးမီးတို့ကို ကျွေးမွေးသင့်ပါတယ်နော်။
(မေ့ရင်သွေးမဂ္ဂဇင်းမှ ကောက်နုတ်ချက်)
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး