မေမေတို့ရေ ရင်သွေးငယ်လေးတွေမှာအသက်အရွယ်အလိုက် ဖွံ့ဖြိုးမှုလေးတွေရှိတတ်ကြပါတယ်။ အရွယ်အလိုက် လူကြီးတွေနဲ့အတူ အကြည့်ကြည့်တာတွေ၊ စကားသင်၊ စကားပြောတာတွေ၊ မှောက်တာ၊ ထိုင်တာ၊ မတ်တပ်စမ်းတာ စတာတွေကို အရွယ်အလိုက် ပြုမူပြီးဖွံ့ဖြိုးလာကြတာပါ။ ၁ လကနေ ၃ လကြားအရွယ်ဆိုရင် လူကြီးတွေနဲ့အတူ လိုက်ကြည့်ပြီး လူကြီးတွေက ချော့မြူတာနဲ့သိပြီးလိုက်ပါပြုံးပြရယ်ပြတာတွေကို ပြုလုပ်တတ်နေပါပြီ။ အဲ့ဒီကမှ ၆ လဆိုရင်တော့ လက်သီးဆုပ်ပြီးပစ္စည်းတွေကိုင်တာ၊ ယူတာတွေကအစ တတ်နေကြပါပြီ။
၉ လဆိုရင်တော့ ကလေးက ကောင်းကောင်းထိုင်ပြီး ၁ နှစ်လောက်မှာ မတ်တပ်စမ်း ၁ နှစ်ခွဲလောက်မှာ လမ်းကောင်းကောင်းလျှောက်တဲ့အရွယ်ဖြစ်ပါပြီနော်။
၂ နှစ်လောက်ဆိုရင်တော့ ဖေဖေ၊ မေမေကအစ စကားသင်ပြီး အချို့စကားလုံးတွေကို ပီပီပြင်ပြင်ပြောနိုင်နေပါပြီ။
မေမေတို့ရေ ရင်သွေးလေးတွေရဲ့ အဲ့ဒီလိုအသက်အရွယ်အလိုက် တတ်ကျွမ်းလာမှု၊ ဖွံ့ဖြိုးလာမှုတွေဟာ တစ်ခါတစ်ရံမှာ ရောဂါတစ်ခုခုကြောင့်၊ ကလေးငယ်ရဲ့ဦးနှောက်ဖွံ့ဖြိုးမှုနှေးကွေးမှုကြောင့် ရပ်တန့်သွားတာမျိုး၊ သိပြီးတတ်ပြီးသားအရာတွေကို မေ့လျော့သွားတာမျိုးတွေနဲ့ တတ်ကျွမ်းမှု၊ ဖွံ့ဖြိုးမှုတွေဆုတ်ယုတ်သွားတာမျိုးရှိတတ်ပါတယ်။ အဲ့ဒီလိုအခြေအနေတွေကိုကြုံတွေ့လာရပြီဆိုရင်တော့ နီးစပ််ရာ ဆေးရုံ၊ ဆေးခန်းတွေမှာပြသပြီးတိုင်ပင်ဖို့လိုအပ်ပါတယ်။ အဲ့ဒီလိုမှပြသမှုမပြုရင်တော့ ကလေးတွေအတွက် ထိခိုက်မှုတွေရှိလာတတ်လို့ မေမေတို့အပါအဝင်မိသားစုတွေအားလုံးက ကလေးငယ်ရဲ့ ဖွံ့ဖြိုးမှုစွမ်းရည် တိုးတက်မှုတွေကို အမြဲမပြတ်စောင့်ကြည့်လေ့လာနေကြဖို့အတွက် ကျားလေးက မျှဝေအကြံပြုလိုက်ပါတယ်နော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး