
မေမေတို့ရေ ရင်သွေးလေးအသက် (၆) လပြည့်ပြီလား။ ဒီလအထိကို မေမေတို့တွေက ငါးမျိုးစပ်ကာကွယ်ဆေးသုံးကြိမ်ပြည့်အောင်ထိုးပေးပြီးပြီလားဆိုတာ သတိပြုပေးပါဦးနော်။ အခုရာသီက ကလေးတွေအအေးမိ၊ နှာစေး၊ ချောင်းဆိုးတွေဖြစ်တတ်တဲ့အချိန်ကိုရောက်နေပြီဆိုတော့ ဒီအချိန်မှာ ရင်သွေးငယ်တွေကက်ညှာချောင်းဆိုးရောဂါမဖြစ်စေဖို့ ငါးမျိုးစပ်ကာကွယ်ဆေးထိုးပြီးဖြစ်နေဖို့လိုပါတယ်နော်။ ရင်သွေးငယ်တွေကို အသက် (၂) လမှာတစ်ကြိမ်၊ (၄) လမှာတစ်ကြိမ်၊ (၆) လမှာတစ်ကြိမ် ငါးမျိုးစပ်ကာကွယ်ဆေး ထိုးနှံပေးဖို့လိုအပ်ပါတယ်။
အဲ့ဒီလိုကာကွယ်ဆေးထိုးမထားတဲ့ကလေးတွေအနေနဲ့ အခုလိုရာသီမျိုးမှာ နှာချေ၊ ချောင်းဆိုးတာတွေကတဆင့် ဘက်တီးရီးယားကူးစက်ခံရပြီး ကြက်ညှာချောင်းဆိုးအထိပါ ဖြစ်ပေါ်တတ်ပါတယ်နော်။ ရောဂါပြင်းထန်ရင် ကလေးငယ်ရဲ့ အသက်အန္တရာယ်ကိုပါထိခိုက်နိုင်တာမို့ မေမေတို့က အသက် (၆) လအောက်ရင်သွေးငယ်လေးတွေကို ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးမှုတွေကို မမေ့မလျော့ဘဲ ထိုးနှံပေးကြဖို့ ကျားလေးက တိုက်တွန်းမျှဝေပေးလိုက်ပါတယ်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး