ဖေဖေ၊ မေမေတို့ရေ တစ်နှစ်အောက်ကလေးငယ်တွေမှာ ဖြစ်ပွားတတ်တဲ့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ပတ်သက်ပြီး ကြိုတင်ကာကွယ်ပေးထားဖို့လိုအပ်ပါတယ်နော်။ မကြာမီအချိန်အတွင်း မိုးတွင်းကာလရောက်ရှိလာခဲ့ရင် ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်ပွားတတ်တဲ့အချိန်ကို ရောက်ရှိလာတော့မှာပါ။ ကလေးငယ်တွေအနေနဲ့ (ရိုတာဗိုင်းရပ်စ်) ပိုးကူးစက်ခံရပြီး ရောဂါဖြစ်ပွားနိုင်မှုအခြေအနေတွေကို ဖေဖေ၊ မေမေတို့က ကြိုတင်ကာကွယ်ပေးထားရမှာပါ။
ရိုတာဗိုင်းရပ်စပ်စ်ကာကွယ်ဆေးကို သက်ဆိုင်ရာဆရာဝန်ကြီးတွေနဲ့တိုင်ပင်ပြီး ကလေးအသက် (၂) လမှာတစ်ကြိမ်၊ (၄) လမှာတစ်ကြိမ် တိုက်ကျွေးပေးထားမယ်ဆိုရင် ကာကွယ်ပြီးဖြစ်မှာပါနော်။ ရိုတာဗိုင်းရပ်စ်ပိုးက မစင်ကတဆင့် ပါးစပ်ထဲကိုဝင်ရောက်ပြီး ကူးစက်ပျံ့နှံ့နိုင်ပါတယ်။ အဲ့ဒီဗိုင်းရပ်စ်ပိုးက ပတ်ဝန်းကျင်မှာ ကာလကြာရှည်ရှင်သန်နိုင်ပါတယ်။ အဲ့ဒါကြောင့် ကြိုတင်ကာကွယ်မှုကအရေးကြီးပါတယ်နော်။
ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုးကူးစက်ခံရပြီးမှ ထိရောက်တဲ့ကုသမှုတွေမပြုလုပ်နိုင်ဘူးဆိုရင် သွေးလန့်ခြင်း၊ အသက်သေဆုံးခြင်းတွေအထိဖြစ်ပေါ်နိုင်လို့ မိသားစုတွေအားလုံးက ရင်သွေးငယ်လေးတွေကို ကာကွယ်ဆေးထိုးနှံပေးထားဖို့အတွက် ကျားလေးကမျှဝေလိုက်ပါတယ်နော်။
(မှတ်ချက် - အသက် ၂ နှစ်ကျော်ကလေးများကို ရိုတာဗိုင်းရပ်စ်ပိုးကာကွယ်ဆေး တိုက်ကျွေးရန်မလိုပါ)
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး