
မိဘတွေက ကလေးတွေကို အကြီးနဲ့အငယ်နဲ့ ဘယ်တော့မှ မနှိုင်းယှဉ်မိဖို့ပါပဲ။
အကြီးတုန်းကနဲ့မတူဘူး ဘာညာဆိုပြီး ပြောကြတာရှိတယ်။
အငယ်က အကြီးထက် ပိုလိမ္မာတယ်၊
အငယ်က အကြီးထက် ပိုဉာဏ်ကောင်းတယ်ပေါ့
အကြီးက အငယ်ထက် ပိုလိမ္မာတယ်၊
အကြီးက အငယ်ထက် ပိုဉာဏ်ကောင်းတယ်ပေါ့ စသည်ဖြင့် နှိုင်းယှဉ်လာတာတွေ တွေ့ရပါတယ်။
တကယ်တော့ မိဘတွေက အဲဒီလို နှိုင်းယှဉ်မှုတွေ မလုပ်သင့်ပါဘူး။
ကလေးတစ်ယောက်နဲ့ တစ်ယောက်တော့ မတူနိုင်ဘူးလေ။
ကလေးမှာလည်း ကလေးခံစားချက်ရှိတာပဲလေ။
ကလေးငယ်တွေက သူ့အဆင့်နဲ့သူ ဖွံ့ဖြိုးလာကြတာ။
အဲဒီလို နှိုင်းယှဉ်ရင်လည်း သူတို့က မကြိုက်ကြဘူး။
တကယ်တော့
ကလေးဘဝမှာလည်း မနာလိုတတ်တဲ့စိတ်က ရှိနေတယ်။
လူတိုင်းမှာရှိတယ် ထိန်းချုပ်နိုင်တာနဲ့ မထိန်းချုပ်နိုင်တာပဲကွာတယ်။
မနာလိုတတ်တဲ့စိတ်ဆိုတာ အဲဒီအရွယ်မှာကစပြီး ရှိနေပြီလေ။
အဲတော့ အကြီးကလဲ အငယ်ကို မနာလိုစိတ်ဆိုတာ ရှိတာပဲ အကြီးမို့ အငယ်ကို မနာလိုဘူး မထင်နဲ့
အငယ်ကလဲ အကြီးကို မနာလိုဖြစ်တာပဲနော်။
အဲဒီအချိန်မှာ မိဘတွေက အရေးကြီးပြီလေ
အကြီးပဲအငယ်ကို အလျှော့ပေးလိုက်လို့ ပြောပြန်ရင်လည်းပဲ
အကြီးက “ ငါကပဲ အလျှော့ပေးနေရတယ် ” ဆိုတဲ့ ခံစားချက်ဝင်သွားရင် အငယ်ကိုပိုပြီး မနာလိုဖြစ်သွားတယ်။
အငယ်ကျရင်လည်း အကြီးကို ဦးစားပေးလိုက်ဆိုရင် “ သူက အကြီးဆိုတာနဲ့ပဲ ငါ့ကို အမြဲ ဗိုလ်ကျတယ် ” ခံစားချက်ဝင်သွားပါတယ်။
အဲဒီတော့ တစ်ချိန်တည်းမှာ
ဘယ်သူ့ကိုမှ ဦးစားမပေးဘဲ လုပ်တတ်ဖို့လိုပါတယ်။
သားသမီးတွေကို မထိန်းကျောင်းတတ်ရင် သူတို့စိတ်ထဲမှာ စိတ်ဒဏ်ရာရသွားပါတယ်။
ငယ်ငယ်တုန်းမှာတော့ ကလေးတိုင်းမှာ ကန့်လန့်လုပ်တာရှိတယ်။
တစ်ခုခုဆို “ လာ ” ဆို “ လာဘူး ” ပဲပြောတယ်။
လာတော့ လာနေတယ်။ လာဘူးပဲပြောတယ်။
အဲဒီလို ကလေးတွေက မိသားစုထဲမှာနွေးနွေးထွေးထွေး မဆက်ဆံတာမခံရတဲ့ ကလေးတွေမှာ ပိုဆိုးတာတွေ့ရတယ်။ မိဘတွေကလည်း ကလေးတွေရဲ့ဆန္ဒကိုလည်း နားလည်တတ်ရမယ်။
မှတ်ချက်။ ။ မေ့ရင်သွေး မဂ္ဂဇင်း ဒေါက်တာ ခင်မျိုးဟန် ၏ ကလေးတေွရဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနှင့် ဦးနှောက်ဉာဏ်ရည် ဖွံ့ဖြိုးမှု မှ ကောက်နုတ်ထားခြင်း ဖြစ်ပါသည်။
San Su Kyi Naing