စျေး မီဒီယာ
အခြား

ကိုယ်ဝန်ဆောင်မိခင်တိုင်း ဖေဖေနှင့်အတူ HIV ပဋိပစ္စည်း ရှိ/မရှိ သွေးစစ်သင့်ပါတယ် ..

Posted by May Thaw Htoo July 3, 2022
Mdx47raetv7sskjal3j2

မေမေတို့ရေ ကိုယ်ဝန်ရှိပြီဆိုတာနဲ့ တပြိုင်နက် စစ်ဆေးမှုတွေပြုလုပ်တဲ့အခါ ဖေဖေနဲ့အတူတူ HIV ပဋိပစ္စည်းရှိ၊ မရှိကိုလည်း စစ်ဆေးသင့်ပါတယ်နော်။ HIV ပိုးက အကြောင်းအမျိုးမျိုးနဲ့ကူးစက်နိုင်ချေတွေရှိနေတာကြောင့် လက်မထပ်မီအချိန်မှာရော၊ ကိုယ်ဝန်ဆောင်စဉ်အချိန်မှာပါ စစ်ဆေးထားဖို့လိုပါတယ်။
တကယ်လို့ ကိုယ်ဝန်ဆောင်မိခင်မှာ HIV ပိုးရှိနေမယ်ဆိုရင်တော့ မိခင်ကနေ ကလေးကို ကူးစက်နိုင်မှု လျော့နိုင်သမျှလျော့နည်းအောင် ကာကွယ်တာ၊ လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကို ခံယူတာတွေပြုလုပ်သင့်ပါတယ်နော်။

Gxunonr7c7bcmlbbfprn

HIV ပိုးရှိတဲ့မိခင်ကနေ မွေးဖွားလာတဲ့ကလေးငယ်တွေကိုတော့ အသက် ၄ ပတ်ကနေ ၆ ပတ်အတွင်း ဗိုင်းရပ်စ်ပိုး စစ်ဆေးပေးဖို့လိုအပ်ပြီး HIV ပိုးရှိ၊ မရှိကို သိရှိနိုင်ပါတယ်နော်။ တကယ်လို့ အဲ့ဒီအချိန်မှာ ကလေးငယ်မှာ ပိုးမရှိဘူးလို့ အဖြေထွက်ပြီးတဲ့အခါမှာလည်း အသက် (၉) လမှာတစ်ကြိမ် (၁၈) လမှာတစ်ကြိမ် ထပ်မံစစ်ဆေးပေးဖို့လိုပါတယ်။ ဒါမှမဟုတ်ရင်တော့ မိခင်နို့ဖြတ်ပြီး ၃ လမှာပြန်လည်စစ်ဆေးပေးရမှာဖြစ်ပါတယ်နော်။ ဒါမှလည်း ကျန်းမာတဲ့ရင်သွေးလေးအတွက် မေမေတွေအားလုံးက စိတ်ချပျော်ရွှင်စွာ မွေးဖွားနိုင်မှာပါနော်။
ပျော်ရွှင်ကျန်းမာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.