ကိုယ်ဝန်ဆောင် မေမေတို့ရေ မွေးဖွားလာတော့မယ့် ရင်သွေးငယ်လေးတွေအတွက် အနှီး၊ အဝတ်အစားလေးတွေနဲ့ပတ်သတ်ပြီး ကြိုတင်ပြင်ဆင်ပုံလေတွေကို မျှဝေပါရစေနော်။
မွေးကင်းစကလေးအတွက် အဝတ်အစား၊ အနှီး၊ ကြိုတင် မပြင်ဆင်ကောင်းဘူးဆိုတဲ့ အယူအဆအမှားတွေ ရှိခဲ့ဖူးပါတယ်။
ကြိုတင်မပြင်ဆင်ပဲ မွေးပြီးမှ ဘာနဲ့ဝတ်ပေးရမလဲ မသိ။ ချက်ချင်းကောက်ဝယ်ရင်လည်း မသန့်တဲ့အဝတ်အနှီးက နုနယ်တဲ့ကလေးဆီကို ပိုးဝင်သွားရင် အန္တရာယ်ဖြစ်နိုင်ပါတယ်နော်။
ဒါကြောင့် ကလေးအတွက်အနှီးတွေကို ကြိုတင်ပြင်ဆင်ထားရပါမယ်နော်။
ကလေးအဝတ် အနှီးလေးတွေ အဝတ်အစားလေးတွေကို ဝယ်လာပြီးပြီဆိုရင်တော့ လျှော်ဖွတ်ပြီး မီးပူတိုက်ထားရပါမယ်။ အသစ်ပဲလေ ဆိုပြီး မလျှော်ဘဲမဝတ်ပေးပါနဲ့နော်။
ကလေး အဝတ်၊ အနှီးတွေကို သီးခြား သန့်သန့်ထားပေးရပါမယ်။
ကလေးအဝတ်တွေကို ပရုပ်လုံးများနှင့် သိမ်းဆည်းခြင်းမှ ရှောင်ကြဉ်ပါ။
အကယ်၍ မွေးလာတဲ့ကလေးကသာ G6PD ချို့တဲ့သော ရောဂါသာပါလာခဲ့ရင် အဲဒီပရုပ်လုံးဟာ လုံးဝကို အန္တရာယ်ဖြစ်စေပါတယ်နော်။
နောက်ပြီး အဝတ်အစားလေးတွေကို ဝယ်လျှင် ကလေးနဲ့ဝတ်ရချွတ်ရ လွယ်ကူရပါမယ်။
ကြယ်သီးတွေ နှင့် မဝယ်ပါနှင့် ကြိုးချည်လေးတွေနှင့်သာ ဝတ်ဆင်ပေးရပါမယ်။
ကြယ်သီးပါတဲ့ အကျင်္ကျီလေးတွေကိုဝတ်ပေး၍ ကလေးကဖိမိခဲ့ရင် မွေးကင်းစကလေးရဲ့ နုနယ်တဲ့ အသားလေးတွေကို နာကျင်စေပါတယ်။
မှတ်ချက်။ ။ မေ့ရင်သွေး မဂ္ဂဇင်း အောက်တိုဘာလ ၂၀၁၆ ထုတ် ဒေါက်တာ ခင်ခင်နှင်း၏ မေ့ရင်သွေးလေး အဆင်ပြေဖို့ ကြိုတင် ပြင်ဆင်ကြပါစို့ ဆောင်းပါးမှ ကောက်နုတ်ထားခြင်း ဖြစ်ပါသည်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး