မေမေတို့ရေ ရင်သွေးငယ်လေးတွေကို မွေးဖွားပြီးချိန်မှာ နို့တိုက်ရခက်ခဲမှုတွေ မကြုံတွေ့ရစေဖို့အတွက် ကိုယ်ဝန်ဆောင်စဉ်အချိန်မှာကတည်းက မေမေတို့သတိထားရမယ့်အရာတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ မေမေတို့ရဲ့နို့သီးခေါင်းလေးတွေ ထွက်နေ၊ မနေဆိုတာလေးကို သတိထားဖို့ပါ။ အချို့မေမေတွေက နို့သီးခေါင်းလေးတွေအထဲဝင်နေတတ်တာကြောင့် ဘေဘီလေးတွေ နို့စို့ဖို့အတွက် အခက်ကြုံရပါတယ်။ ကလေးမွေးဖွားပြီးမှဆိုရင် ဆွဲထုတ်ဖို့ကပိုမိုခက်ခဲသွားပါပြီ။ အဲ့ဒါကြောင့် ကိုယ်ဝန်ဆောင်ကာလမှာကတည်းက နို့သီးခေါင်းအထဲဝင်နေသလားဆိုတာကို ကြည့်ရှုပြီး နို့သီးခေါင်းမထွက်ဘူးဆိုရင်တော့ လေစုပ်ခွက်လေးနဲ့ ဆွဲထုတ်ပေးထားရမှာပါ။ ဒါမှလည်း ဘေဘီလေးမွေးဖွားလာတဲ့အခါ မိခင်နို့ကို လွယ်လွယ်ကူကူနဲ့ သောက်သုံးနိုင်ပြီး အာဟာရတိုးပွားစေမှာပါနော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး