စျေး မီဒီယာ
သုံးနှစ်အထက်

အဝလွန်ရောဂါအကြောင်း

Posted by May Thaw Htoo July 17, 2022
Vo17s127d0rflpnw8sa3

ခန္ဓာကိုယ်တွင် အဆီဓါတ်များလိုအပ်သည်ထက် ပိုများနေသည်ကို အဝလွန်သည် ဟုခေါ်ပါသည်။


ကိုယ်အလေးချိန်ထက် ပိုများနေသောကလေးများ၊
အခြားအရွယ်တူကလေးများနှင့်နှိုင်းယှဉ်ပါက
အဝလွန်နေသော ကလေးများသည် အဝလွန်ရောဂါ ဖြစ်နိုင်ပါသည်။

အဝလွန်ရောဂါ ဖြစ်စေရသည့် အကြောင်းအရင်းမှာ
အဆီအဆိမ့် အချိုလွန်ကဲသော အစားအစာများ အလွန်အကျွံစားသုံးခြင်း၊
ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊
မျိုးရိုးအလိုက်ဝခြင်း၊ စသည်တို့သည် အဝလွန်ရောဂါ ဖြစ်နိုင်ပါသည်။

ကလေးအရွယ်မှစ ဝနေပါက လူကြီးဖြစ်လာလျှင် အဝလွန်ခြင်းကြောင့် ဖြစ်တတ်သော နောက်ဆက်တွဲရောဂါများမှာ
လေးလံခြင်း၊ နေ့ဘက်အလွန်အိပ်ခြင်း၊
အသက်ရှုမဝခြင်း၊ သွက်သွက်လက်လက်မရှိ၍ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအားနည်းလာခြင်း၊
နှလုံးရောဂါ၊ သဲခြေအိတ်ရောဂါ၊ ရင်ကြပ်ရောဂါ၊
သွေးတိုးရောဂါနှင့်၊ ဆီးချိုရောဂါ၊ စိတ်ဓါတ်ကျရောဂါများ ဖြစ်နိုင်ပါသည်။

အဝလွန်ရောဂါရှိသူများ ကို ကြည့်ရှုစောင့်ရှောက် ပေးသောသူသည်
တစ်ဦးတစ်ယောက်ထဲနှင့်မရပါ ဆရာဝန် အဟာရ ပညာရှင်၊ အားကစားပညာရှင်တို့ထံမှလည်း အကူအညီရယူရပါမည်။

နောက်ဆုံးတွင် အိပ်နေစဉ်အသက်ရှုရပ်သွားနိုင်ပြီး အသက်ဆုံးရှုံးနိုင်သည် အထိ ဖြစ်စေသောကြောင့် အသက်အရွယ်အလိုက် သင့်တင့်မျှတသော အစာအာဟာရကိုကျွေးပါ။ ကယ်လိုရီ (Calorie) များသော အစားများရှောင်ရမည်။ ကိုယ်လက်လှုပ်ရှားအားကစားများ ပြုလုပ်ပေးပါ။

မိမိ၏ကလေး ဝလွန်းသည်ဟု ထင်လျှင် ဆရာဝန်နှင့်ပြပါ။ အဝလွန်ရောဂါ၊ ရှိမရှိကို ဆရာဝန်နှင့်စစ်ဆေးမှသာ သိရှိနိုင်ပါသည်။


မှတ်ချက်။ ။ မေ့ရင်သွေးမဂ္ဂဇင်း စက်တင်ဘာလ 2017 ထုတ်တွင် ဒေါက်တာ အိအိခင်(ကလေး)၏ အဝလွန်ရောဂါအကြောင်းသိကောင်းစရာ မှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။

မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.