မေမေတို့ရေ မေမေတို့အားလုံးသတိပြုသင့်တဲ့ သားအိမ်ခေါင်းကင်ဆာရောဂါနဲ့ပတ်သက်ပြီး သိသင့်တာလေးတစ်ခုကို မျှဝေပေးမယ်နော်။ မေမေတို့ရေ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားတတ်တဲ့အချက်တွေထဲမှာ သန္ဓေတားဆေးတွေကို ကြာရှည်စွာသောက်သုံးမှုရှိတဲ့သူတွေလည်း ဖြစ်ပွားနိုင်ပါတယ်တဲ့နော်။ နောက်ထပ်သတိထားရမှာကတော့ သားသမီးတွေများများ မွေးဖွားတဲ့ မေမေတွေပါ။ သားသမီးများများမွေးတဲ့သူတွေမှာလည်း သားအိမ်ခေါင်းကင်ဆာဖြစ်ပွားတတ်လို့ သတိပြုသင့်ပါတယ်နော်။
မေမေတို့ရေ သားအိမ်ခေါင်းကင်ဆင်ရောဂါဖြစ်ပွားမှုနဲ့ပတ်သက်ပြီး ဒီလက္ခဏာလေးတွေကို သတိထားပေးဖို့လိုပါတယ်နော်။
- အဖြူဆင်းများခြင်း
- ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်း
- ဆီးစပ်နှင့် ခါး နာကျင်ကိုက်ခဲခြင်း
- လိင်ဆက်ဆံမှုပြုပြီးပါက သွေးဆင်းခြင်း၊ နာကျင်ခြင်း
- ဆီးသွားခြင်းနှင့်ပတ်သက်၍ ခက်ခဲခြင်း (ဆီးထဲသွေးပါခြင်း၊ ဆီးသွားရခက်ခဲခြင်း) တွေကိုခံစားရတတ်ပါတယ်။ မေမေတို့အားလုံးက ဒီလက္ခာတွေကိုဂရုပြုသင့်သလို သားအိမ်ခေါင်းကင်ဆာရောဂါနဲ့ပတ်သက်ပြီးတော့လည်း ကြိုတင်ကာကွယ်စစ်ဆေးမှုတွေ ပြုလုပ်နိုင်ကြစေဖို့အတွက် ကျားလေးကမျှဝေပေးလိုက်ပါတယ်နော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး