မေးခိုင်ရောဂါ
**********
“ ကလေးက ကိုင်လိုက်တာနဲ့ ဆက်ခနဲ့ ဆက်ခနဲ့ ဖြစ်ပြီး ကော့ကော့သွားတယ် ” စသည်ဖြင့်
မွေးကင်းစ ကလေးငယ် များတွင် ဖြစ်လေ့ရှိသော မေးခိုင်ရောဂါ၏ သင်္ကေတ သာလျှင် ဖြစ်ပါတော့သည်။ ထိုရောဂါကို ဖြစ်စေသော ဘက်တီးရီးယားပိုးတို့သည် အောက်ဆီဂျင်ဓာတ် မရှိသော နေရာတွင်ပေါက်ဖွားကြသည်။
ဥပမာ - အနာ၊ ပြည်၊ မသန့်ရှင်းသော နေရာတို့တွင် ပေါက်ဖွားကြသည်။
ထို ဘက်တီးရီးယားပိုး Clostridium tetani မှ အဆိပ်တမျိုး ထုတ်လုပ်သည်။
ထိုအဆိပ်သည် လူနာကြွက်သားများ၊ အာရုဏ်ကြော များကို ထိခိုက်စေသောကြောင့် ပါးစပ်တင်းတင်းစေ့ ထားကြပါတယ်။
မွေးကင်းစ ကလေးငယ်များတွင် မွေးရာပါ ပါဝင်လာခြင်း မဟုတ်ပေ။
အထူးသဖြင့် တောရွာများတွင် အိမ်မှာ လက်သည်ဖြင့် ကလေးမွေးဖွားလေ့ရှိ ကြသည်။ ချက်ကြိုးကိုတွေ့ရာဓါးဖြင့် ဖြတ်၍ တွေ့ရာကြိုးဖြင့် ချည်ကြသည်။
ထို့ပြင် ချက်မြန်မြန်ကြွေရန်၊ ကျက်ရန်၊ နနွင်း အစရှိသည်တို့ အုပ်ကြပြန်ပါသည်။
အချို့ အရပ်ဒေသတို့တွင် ကျန်းမာရေးကို ဖီလာဆန့်ကျင်သော ရှေးရိုးစဉ်လာများဖြစ်တဲ့ မြင်ချေး၊ နွားချေး၊ ရွံ့စေး အစရှိသည်တို့ဖြင့် အုပ်ကြသည့် ရိုးရာဓလေ့ ရှိုုသည်။
ထိုကဲ့သို့ အုပ်ထားသည့်နေရာတွင် အောက်ဆီဂျင်လျော့နည်း နေသဖြင့် ပေါက်ဖွားပွားများလာကြသည်။
ပထမဆုံးရောဂါလက္ခဏာ
*******************
ရှေးဦးစွာ ပြသသော လက္ခဏာများမှာ မွေးကင်းစ ကလေးငယ်သည် ရုတ်တရက် နို့မစို့ နိုင်တော့ခြင်းဖြစ်ပါသည်။
မိခင်ဖြစ်သူက ကလေးငယ်၏ ပါးစပ်ကို အတင်းဖွင့်လေ ပါးစပ်မှာ ပို၍ တင်းတင်းစေ့သွားလေ ဖြစ်ပါသည်။ မိခင်က နို့မဝင်မည်ကို စိုးရိမ်ပြီး နို့အတင်း ထည့်လျှင် သည်းသွားပြီး နို့ရည်များ အသက်ရှုလမ်းကြောင်းတွင် ရုတ်တရက်ဝင်ပြီး ရုတ်တရက် သေဆုံးနိုင်ပါသည်။
ကလေးသည် ပါးစပ်တင်းတင်းစေ့ထားခြင်း မဟုတ်ဘဲ မျက်နှာပြင်ရှိ ကြွက်သား များတင်းလာပြီး မျက်နှာပြင်တစ်ခုလုံးသည် မျက်နှာဖုံးစွပ်ထားဘိ သကဲ့သို့ ပြောင်ချော်ချော် ရုပ်သွင်ပြင် ရှိနေတတ်ပါသည်။
နောက်ပိုင်းတွင် -
- ကျောလွန်စွာကော့ခြင်း
တစ်ကိုယ်လုံး ဆက်ခနဲ့ ဆက်ခနဲ့ဖြစ်ခြင်း၊
တတ်ခြင်း
အရည်မျိုသော ကြွက်သားများတင်းပြီး နို့သည်းခြင်းတို့ ဖြစ်ပေါ်လာ ကြပါသည်။
ရောဂါကိုပြင်းထန်စေသောလက္ခဏာ
**************************
မွေးပြီး (၇)ရက် အတွင်း ပထမဦးဆုံးရောဂါ လက္ခဏာဖြစ်ပေါ်လာလျှင် ရောဂါပြင်းသည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။
ဆက်ခနဲ့ ဆက်ခနဲ့ ဖြစ်ခြင်း အကြိမ်အရေအတွက် လွန်စွာများလာခြင်း၊
ကိုယ်အပူချိန်လွန်စွာမြင့်ခြင်း ၊ အေးလွန်ခြင်း၊ အသားဝါလာခြင်း ၊
နှလုံးခုန်လွန်စွာမြန်ခြင်း၊ အသက်ရှုခဏခဏ ရပ်သွားခြင်းတို့သည်လည်း ရောဂါကို ပြင်းထန်စေသော လက္ခဏာများဖြစ်သည်။
မေးခိုင်ရောဂါ ကာကွယ်ပါ
********************
အာရုံကြောအလုပ်များကို ထိခိုက်ပျက်စီးသွားခြင်းကြောင့် ကိုယ်ခန္ဓာအတွင်း ကိုယ်အပူချိန်သည်
ခြစ်ခြစ်တောက်ပူလိုက်၊ ရေခဲတုံးပမာအေးသွားလိုက် အပူချိန်ညှိနှိုင်းမှု၊ နှလုံးခုန်နှုန်း၊ အသက်ရှုနှုန်း သွေးပေါင်ချိန်ထွက်မှုနှုန်း သလိပ်ထွက်မှုနှုန်း စသည်ဖြင့် ညှိနှိုင်းမှု ချို့တဲ့ ပျက်စီးသွားသည်။
ထို့ကြောင့် ကာကွယ်ခြင်းသည် ကုသခြင်းထက် ပို၍ကောင်းပါသည်။
ထို့ကြောင့် ကိုယ်ဝန်ဆောင်မိခင်သည် သက်ဆိုင်ရာ ကျန်းမာရေး ဌာနများတွင် ကလေးအပ်သင့်သည်။
မေးခိုင်ကာကွယ်ဆေးထိုးပေးခြင်းများ ပြုလုပ်ရမည်။
ကလေးမွေးလျှင် အိမ်တွင်းမွေးသည်ဖြစ်စေ၊ ဆေးရုံမှာ မွေးသည်ဖြစ်စေ ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်းများဖြင့် မွေးဖွားပြီး သန့်ရှင်းပြီး ပိုးကင်းစင်သော အနေအထား ရှိခြင်းဖြင့် မေးခိုင်ရောဂါကာကွယ်ပြီး ရင်သွေးငယ်များအား စောင့်ရှောက်ကြပါလို့ တိုက်တွန်းလိုက်ပါသည်။
မှတ်ချက်။ ။ မေ့ရင်သွေး မဂ္ဂဇင်း မေလ ၂၀၁၇ ထုတ်တွင် ဒေါက်တာယုဇနစောမြင့်၏ပါးစပ်တင်းတင်းစေ့ထား မေးခိုင်ရောဂါလား ဆောင်းပါး မှ ကောက်နုတ်ထား ခြင်းဖြစ်ပါသည်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး