မေမေတို့ရေ ကိုယ်ဝန်တစ်ခုနဲ့တစ်ခု နီးကပ်တာတွေ၊ အကြိမ်များစွာကိုယ်ဝန်ဆောင်တာတွေက မိခင်ရဲ့ကိုယ်ဝန်မရှိမီအချိန်ကအာဟာရဓာတ်တွေကို ပြန်လည်ထူထောင်ချိန်တွေ နည်းပါးသွားစေနိုင်ပါတယ်။ အဲ့ဒါကြောင့်လည်း မွေးစကလေးရဲ့ ကိုယ်အလေးချိန်မပြည့်တာ၊ လမစေ့ဘဲကလေးမွေးနိုင်တာတွေ ဖြစ်ပွားစေနိုင်ပါတယ်။ လမစေ့ဘဲမွေးတဲ့ကလေးဟာ သန္ဓေသားဘဝမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အရန်သံဓာတ်လုံလုံလောက်လောက်မစုဆောင်းနိုင်ဘဲ နို့စို့အရွယ်နဲ့ ကလေးသူငယ်ဘဝမှာ သွေးအားနည်းရောဂါဖြစ်ပွားတဲ့ အလားအလာတွေရှိစေတတ်ပါတယ်။
နောက်ပြီး နီးကပ်တဲ့ကိုယ်ဝန်ရဲ့ နို့ညှာကလေးမှာလည်း အာဟာရဓာတ်လုံလောက်မှုမရှိစေတာတွေ ဖြစ်စေပါတယ်နော်။ အဲ့ဒါကြောင့်လည်း မိခင်လောင်းတွေအနေနဲ့ အချိန်လုံလောက်စွာနဲ့ သားဆက်ခြားပြီး အနည်းဆုံး ကလေးတစ်ဦးနဲ့တစ်ဦး ၂ နှစ်ခြားပြီးမှ ယူတာက ကလေးငယ်တွေရဲ့ အာဟာရဓာတ်ပြည့်ဝဖို့အတွက်ရော မိခင်တွေရဲ့ကျန်းမာရေးအတွက်ရော အဆင်ပြေချောမွေ့စေနိုင်မှာပါနော်။
(အာဟာရဆရာဝန်ကြီး ဒေါက်တာလှကြည်ရေးသားသည့် ရင်သွေးငယ်အာဟာရ သန္ဓေသားမှစ စာအုပ်မှကောက်နုတ်ချက်)
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး