မေမေတို့ရေ ကလေးတစ်ယောက် အစားစားတဲ့အခါ ပါးစပ်နဲ့လျှာတို့ရဲ့ လှုပ်ရှားမှုတွေကိုပြုလုပ်ပေးနေတဲ့ ကြွက်သားတွေနဲ့ အဲ့ဒီကြွက်သားတွေရဲ့ လှုပ်ရှားမှုတွေကို ထိန်းကျောင်းပေးတဲ့ အာရုံကြောတွေဟာ အသက် ၄ လကနေ ၆ လခန့်ရောက်မှသာ ဖွံ့ဖြိုးလာတာဖြစ်ပါတယ်။ အဲ့ဒီအရွယ်မှာ ကလေးရဲ့ အစာလမ်းကြောင်းလည်း အစာအမျိုးမျိုးကို ခြေဖျက်ဖို့အတွက် အဆင်သင့်ဖြစ်လာပါတယ်။ ကလေးငယ်ဟာ ပစ္စည်းတွေကို ပါးစပ်ထဲထည့်ပေးတာကို သဘောကျလာတတ်ကြပါတယ်နော်။
အခြားသူတွေက အစာစားလို့ပါးစပ်လှုပ်တာကို စိတ်ဝင်တစားကြည့်တတ်တဲ့အရွယ်ဖြစ်ပြီး အသက် ၆ လအရွယ်မှာဆိုရင်တော့ အာဟာရလိုအပ်ချက်အရလည်းကောင်း၊ ကလေးရဲ့ဖွံ့ဖြိုးမှု အခြေအနေအရလည်းကောင်း ဖြည့်စွက်စာစတင်ကျွေးဖို့ အသင့်တော်ဆုံးအချိန်လည်းဖြစ်ပါတယ်နော်။ အဲ့ဒါကြောင့်လည်း ကလေးငယ်တွေကို ဖြည့်စွက်စာကျွေးတာဟာ အသက် ၆ မှစတင်ကျွေးမွေးတာပဲဖြစ်ပါတယ်မေမေတို့ရေ။
(အာဟာရဆရာဝန်ကြီးဒေါက်တာလှကြည်ရေးသားသည့် ရင်သွေးငယ်အာဟာရ သန္ဓေသားမှစ စာအုပ်မှကောက်နုတ်ချက်)
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး