အကြောင်းအမျိုးမျိုးနဲ့ ကိုယ်ဝန်ပျက်ကျရတဲ့ မိခင်လောင်းတွေရှိကြမှာပါ။ စိတ်မကောင်းဖြစ်စရာအနေနဲ့ ကိုယ့်ရဲ့ရင်သွေးလေးကို ဆုံးရှုံးလိုက်ရတဲ့မိခင်တွေအနေနဲ့ ဝမ်းနည်းမှုတွေကိုလည်း ခံစားကြရပါလိမ့်မယ်။ အဲ့ဒီလိုမိခင်တွေအနေနဲ့ စိတ်ဓာတ်ကျမသွားဖို့တော့လိုပါတယ်။ တစ်ကြိမ်တစ်ခါကိုယ်ဝန်ပျက်ကရုံနဲ့ နောက်တစ်ကြိမ်ကိုယ်ဝန်မှာပါ ပျက်ကျတတ်တာမျိုးတော့မဟုတ်ပါဘူး။ တကယ်လို့ သုံးကြိမ်လောက်အထိ ကိုယ်ဝန်ပျက်ကျဖူးတယ်ဆိုရင်တော့ ဘာကြောင့်ပျက်ရတယ်ဆိုတာကို သေချာလေးစစ်ဆေးသင့်ပါပြီ။
ကိုယ်ဝန်ပျက်ကျတဲ့နေရာမှာ သွေးဆင်းပြီး ပျက်တာလား၊ ဗိုက်နာပြီးပျက်တာလားဆိုတာကိုတော့ သတိထားပေးသင့်ပါတယ်။ ဗိုက်နာပြီးပျက်တယ်ဆိုတာကတော့ သားအိမ်မှာ အသားလုံးရှိတာမျိုးကြောင့် ဖြစ်တတ်သလို ကလေးကို မျိုးရိုးဗီဇကြောင့် ချို့ယွင်းချက်ရှိလို့ သားအိမ်ကလက်မခံနိုင်လို့ ညှစ်ထုတ်တာမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ရေဆင်းပြီး ဗိုက်သိပ်မနာရသေးဘဲ ကလေးထွက်ကျသွားတာမျိုးဆိုရင်တော့ သားအိမ်ခေါင်းမလုံတာကြောင့်ဖြစ်တတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်တစ်ကြိမ်ကိုယ်ဝန်ထပ်ဆောင်ဖို့ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှဆောင်ရွက်သင့်ပါတယ်။ အဓိကကတော့ မိခင်တွေအနေနဲ့ စိတ်ဓာတ်မကျဘဲ အကြောင်းရင်းကိုသေချာရှာဖွေပြီး သက်ဆိုင်ရာဆရာဝန်နဲ့တိုင်ပင်ဆောင်ရွက်သင့်ပါတယ်နော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး