မေမေတို့ရေ အချို့မိဘတွေက ကလေးကိုချော့မြူရင်းနဲ့မနိုင်တဲ့အခါ ကြောက်အောင်ခြောက်လှန့်တတ်ကြပါတယ်။ တစ်ခုခုကြောင့်ကလေးကိုခြောက်လှန့်တာမျိုးထက် နားလည်လာအောင်ပဲ ပြောဆိုသင့်ပါတယ်။ ကလေးကတစ်စုံတစ်ခုအမှားအယွင်းပြုမိတဲ့အခါမျိုးမှာ ကလေးကိုကြောက်လန့်သွားအောင် ပြောဆိုတာမျိုးထက် အကျိုးအကြောင်းသင့် ပြောဆိုညှိနှိုင်းဖို့လိုအပ်ပါတယ်နော်။
ဥပမာအနေနဲ့ အချို့မိဘတွေကို ကလေးကိုစောစောအိပ်စေချင်တယ် ကလေးမအိပ်သေးတဲ့အခါမျိုးမှာ အကောင်ကြီးလာနေပြီ၊ ဒေဝေါကြီးလာနေပြီစသဖြင့်ခြောက်လှန့်တတ်ကြပါတယ်။ အဲ့ဒီအခါမှာ ကလေးရဲ့စိတ်ထဲငြိမ်းချမ်းမှုမရှိတော့ဘဲ ကြောက်လန့်တဲ့စိတ်ကြီးတွေဝင်သွားတတ်ပါတယ်။ အဲ့ဒီလိုပြုလုပ်မယ့်အစား ကလေးကိုချော့မော့ပြီး အိပ်ယာဝင်ပုံပြင်လေးတွေနဲ့အတူ မိဘတွေရဲ့အချစ်တွေကိုဖော်ပြပြီး အိပ်စေတာက ပိုမိုပြီးအဆင်ပြေစေနိုင်မှာပါ။
ကလေးဂျီကျတဲ့အခါမှာလည်း ခြောက်လှန့်မှုထက် ကလေးကိုအကျိုးသင့်အကြောင်းသင့်နဲ့ ဘယ်လိုပြုလုပ်ရင်ဘာတွေဖြစ်တတ်တယ်ဆိုတာမျိုးကို ကလေးနားဝင်အောင်ရှင်းလင်းပြောပြပြီး ဆောင်ရွက်မယ်ဆိုရင်တော့ ကလေးတွေရဲ့အနာဂတ်အတွက်လည်း အကောင်းဆုံးဖြစ်မှာပါနော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး