စျေး မီဒီယာ
မွေးပြီး တစ်နှစ်အတွင်း

ကလေးငယ်များ အစာအဖက်စကျွေးသင့်တဲ့ လက္ခဏာများ

Posted by May Thaw Htoo August 18, 2022
C4tqxeglq8j6wokfffxh


• ကလေး အသက် ၆ လတွင် နို့အပြင် အဖက်(ဖြည့်စွက်စာ) စကျွေး၍ ရပါပြီ။
• ကလေးအစာစကျွေး၍ ရရှိနိုင်ပြီဖြစ်ကြောင်း သိနိုင်သော တခြားအချက်များမှာ
• ကလေးကပါးစပ်ထဲ ပစ္စည်းတွေ ထည့်တတ်လာပြီ
• နို့စို့လျှင် မိခင်နို့ကို ဖိကိုက်လာ၍ ကလေးသွားဖုံးများ မာလာသည်ကို သိနိုင်သည်။
• သွားမပေါက်သေးပေမယ့် သွားဖုံးများမာနေပြီ။
• ပါးစပ်နား အစာနီးလျှင် ပါးစပ်ပြင်တတ်သည်။ ပါးစပ်ဟပေးတတ်သည်။
• နို့မဝတော့ပါ။ နို့ကို ခါထုတ်တတ်သည်။ မကြာခဏ ငိုတတ်သည်။
• အဖက်စားချင်စိတ်ရှိသည်။ လူကြီးများ အစာစားနေသည်ကိုတွေ့လျှင် လိုက်ဆွဲတတ်သည်။
• လူကြီးများ ထမင်းစားလျှင်၊ အစားစားနေတာတွေ့လျှင် ပါးစပ်တပြင်ပြင်ဖြစ်သည်။ တစ်အင်းအင်းနဲ့ တောင်းတတ်သည်။ သွားရည်ကျတတ်သည်။
• မိခင်နို့ သို့မဟုတ် တခြားနို့ရည်များသောက်ရသော်လည်း မတင်းတိန်တော့ဘဲ ဆာလောင်နေ၍ ငိုတတ်သည်။ မုန့် စသည်ဖြင့် ပျော့ပျော့ အစာများကျွေးလျှင် သဘောကျနှစ်သက်တတ်သည်။
• မိခင်နို့ရည် သို့မဟုတ် အခြားနို့ရည်များတိုက်သည့်အခါ မျက်နှာလွှဲတတ်သည်။ မိခင်စားနေသော အစာကို လိုက်ဆွဲတတ်သည်။
ထိုအမူအရာတွေ လုပ်တတ်နေပြီဆိုရင် ရင်သွေးလေးတွေကို အစာအဖက်ကျွေးလို့ ရနေပြီဆိုတာ သိနိုင်ပါတယ်။


မှတ်ချက်။ ။ မေ့ရင်သွေး မဂ္ဂဇင်း ဇွန်လ ၂၀၁၇ ထုတ်တွင် ဒေါက်တာ အိအိခင် (ကလေး)၏ ကလေးကို အစာဘယ်လိုကျွေးရမလဲနှင့် ပြဿနာများ ဆောင်းပါးမှ ကောက်နုတ်ထားပါသည်။


မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.