မေမေတို့ရေ သားသားမီးမီးလေးတွေရှေ့မှာ မိဘတွေအချင်းချင်း၊ မိသားစုတွေအချင်းချင်း ချစ်ချစ်ခင်ခင်နဲ့ ရန်ဖြစ်စကားမများအောင် ဂရုစိုက်ပေးသင့်ပါနော်။ သုတေသနပြုမှုတွေအရ မိစုံဖစုံနဲ့ ချစ်ခင်ယုယမှုကို ခံယူပြီး ကြီးပြင်းခဲ့ရတဲ့ကလေးတွေရဲ့ ဦးနှောက်ဟာ မိဘမဲ့ကြီးပြင်းတဲ့ကလေးတွေ၊ အိမ်ထောင်ရေး၊ စီးပွားရေးပြဿနာတွေကြားကနေ မိဘတွေတကွဲတပြားဖြစ်နေရတဲ့ ကလေးတွေထက် ပိုမိုဖွံ့ဖြိုးတာကိုတွေ့ရပါတယ်တဲ့။
မေမေတို့ရေ ရက်သားလသားအရွယ်ကစပြီး ကလေးငယ်ရဲ့ဘဝတစ်လျှောက်မှာ မိဘတွေရဲ့ ယုယမှုဟာ အရမ်းကိုအရေးကြီးပါတယ်။ မိဘတွေယုယချစ်ခင်မှုကိုမရတဲ့ ကလေးငယ်တွေဟာ ခန္ဓာကိုယ်ကြီးထွားစေတဲ့ ဟော်မုန်းထုတ်လုပ်မှုလျော့ပါးပြီး ကလေးငယ်တွေထွားကြိုင်းမှုနှေးကွေးတယ်လို့လည်း သိရပါတယ်မေမေတို့ရေ။
(အာဟာရဆရာဝန်ကြီးဒေါက်တာဦးလှကြည်ရေးသားသည့် ရင်သွေးငယ်အာဟာရသန္ဓေသားမှစ စာအုပ်မှ)
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး