ကိုယ်ဝန်ဆောင်မေမေတို့ရေ ကိုယ့်ရဲ့ကိုယ်ဝန်အလိုက် သန္ဓေသားရဲ့ဖွံ့ဖြိုးဖြစ်ပေါ်မှုလေးတွေကို သိချင်ကြမှာပဲနော်။ မေမေတို့ရေ ကိုယ်ဝန်ရက်သတ္တပတ်သုံးပတ်လောက်မှာ သန္ဓေသားရဲ့ဦးနှောက်စတင်ဖြစ်ပေါ်ပါတယ်တဲ့။ ကိုယ်ဝန်ရှိတယ်ဆိုတာကိုသတိပြုမိလိုက်တဲ့ ရာသီထိန်တဲ့အချိန်မှာပဲ ကိုယ်ဝန်ကနှစ်ပတ်လောက်ရှိနေပါပြီ။ ကိုယ်ဝန်သုံးပတ်ဆိုတာကတော့ အရမ်းကိုနုနယ်တဲ့အချိန်ပါနော်။ အချို့တွေက ကိုယ်ဝန်ရှိမရှိကို သေချာစစ်ဆေးချိန်ဆိုရင် ကိုယ်ဝန်ရက်သတ္တပတ် ၂ လလောက်ရှိနေပြီပဲဖြစ်ပါတယ်။ အဲ့ဒီအချိန်ဆိုရင်တော့ သန္ဓေသားရဲ့ဦးနှောက်က ဖြစ်ပေါ်ပြီးလို့ဖွံ့ဖြိုးမှုတေွတောင် အရှိန်ရနေပြီလို့ ပြောရမှာပါ။ သန္ဓေသားရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကိုအထောက်အပံ့ပေးနိုင်တာကတော့ ဖောလစ်အက်ဆစ်ပါ။ အဲ့ဒါကြောင့်လည်း မိခင်လောင်းတွေအနေနဲ့ ကိုယ်ဝန်ဆောင်ဖို့ပြင်ဆင်ပြီဆိုကတည်းက ဖောလစ်အက်ဆစ်ကို တစ်နေ့တစ်လုံးမှန်မှန်သောက်ဖို့အတွက် ဆရာဝန်တွေက လမ်းညွှန်တာပါမေမေတိုကရေ။ ကိုယ်ဝန်ဆောင်ဘဝမှာ သန္ဓေသားလေးရဲ့ဖွံ့ဖြိုးမှုအတွက် မေမေတို့က ဖောလစ်အက်ဆစ်ကို မပျက်မကွက်သောက်သုံးဖို့အတွက် အကြံပြုရေးသားလိုက်ပါတယ်နော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး