မေမေတို့ရေ ဘေဘီလေးတွေရဲ့ ကျန်းမာရေးအတွက် စားသောက်နေထိုင်မှုတွေကလည်း အရမ်းကို အရေးကြီးပါတယ်နော်။ သံဓာတ်ပြည့်ဝမှလည်း ကျန်းမာရေးအတွက်ရော၊ ဦးနှောက်ဖွံ့ဖြိုးမှုအတွက်ရော ကောင်းမွန်နိုင်စေပါတယ်။ အဲ့ဒါကြောင့်လည်း သံဓာတ်အားနည်းမှုမရှိစေဖို့အတွက် သံဓာတ်စုပ်ယူမှုကိုဟန့်တားနိုင်တဲ့ စားသောက်နည်းတွေကို မေမေတို့အတွက် မျှဝေပေးလိုက်ပါတယ်နော်။
မေမေတို့ရေ ကောက်ပဲသီးနှံတွေမှာပါ၀င်တဲ့ ဖိုက်တစ်အက်ဆစ်၊ ဟင်းရွက်အချို့မှာပါ၀င်တဲ့ အောက်ဇားလစ်အက်ဆစ်တို့က သံဓာတ်စုပ်ယူမှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။ လက်ဖက်၊ လက်ဖက်ရည်တို့မှာပါဝင်တဲ့ Tannin (ခေါ်) ဓာတ်ပေါင်းကလည်း သံဓာတ်စုပ်ယူမှုကို အဟန့်အတားပြုတတ်ပါတယ်။ အဲ့ဒါကြောင့် ကလေးတွေကို ထမင်းမစားမီ နှစ်နာရီအတွင်းနဲ့ ထမင်းစားပြီး နှစ်နာရီအတွင်းမှာ လက်ဖက်ရည်အချို မတိုက်သင့်ပါဘူး။ ကိုယ်ဝန်ဆောင်နိုင်တဲ့အရွယ်ရှိတဲ့ အမျိုးသမီးတွေဆိုရင်လည်း ထမင်းမစားမီနဲ့ စားပြီး နှစ်နာရီအတွင်း လက်ဖက်ရည်အချိုသောက်ခြင်း၊ လက်ဖက်ရည်ကြမ်း ဖန်ဖန်သောက်ခြင်း၊ လက်ဖက်သုပ်စားခြင်းတွေကို ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်မေမေတို့ရေ။
အာဟာရဆရာဝန်ကြီးဒေါက်တာဦးလှကြည်ရေးသားသည့် ရင်သွေးငယ်အာဟာရသန္ဓေသားမှစ စာအုပ်မှ
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး