မေမေတို့ရေ မေမေတို့ရဲ့ဝမ်းဗိုက်ထဲမှာ ရင်သွေးလေးက ဘယ်လိုမျိုးကြီးထွားဖွံ့ဖြိုးလာတယ်ဆိုတာကို လေ့လာကြည့်လိုက်ရအောင်နော်။
- ပထမတစ်လမှာတော့ ဖေဖေ၊ မေမေတို့ရဲ့ပိုးလေးနှစ်ခုထိတွေ့ပြီး ဘေဘီလေးတို့စတင်ဖြစ်ထွန်းမယ့်အစပြုရာအချိန်လေးပေါ့။
- ဒုတိယလရောက်လာပြီဆိုရင်တော့ မေမေတို့မှာ ကိုယ်ဝန်လက္ခဏာတွေရှိလာပြီး morning sickness ဆိုတာတွေခံစားရလာပါပြီ။ ဘေဘီလေးတွေကတော့ နှလုံးခုန်လှုပ်ရှားမှုစတင်တဲ့အရွယ်ပေါ့။ နောက်ပြီး ဒီအရွယ်မှာ ဘေဘီလေးတွေရဲ့ဦးနှောက်ဖွံ့ဖြိုးလာစအချိန်ဆိုရင်လည်း မမှားပါဘူး။
- ကိုယ်ဝန်တတိယလကိုရောက်ရင်တော့ အစပိုင်းသွေးခဲဘဝကနေ သန္ဓေသားအဖြစ်လုံးဝပြောင်းလဲသွားပါပြီ။ ဒီအချိန်မှာ မေမေတို့ခံစားရတဲ့ morning Sickness ဆိုတာတွေလည်း လျော့ပါးလာပါပြီ။
- လေးလထဲကိုရောက်လာပြီဆိုရင်တော့ အသွေးအသားတည်ဆောက်မှုတေွအရိုးတည်ဆောက်မှုတွေစတင်လာပါပြီ။ အက်ထရာစောင်းရိုက်ပြီး ဘေဘီလေးရဲ့အနေအထားကို သေချာစွာကြည့်ရှုနိုင်ပါပြီ။
- ဝမ်းဗိုက်ထဲမှာ ငါးလအရွယ်ရောက်လာတဲ့ကလေးငယ်ကတော့ နှလုံးခုန်ဖွံ့ဖြိုးမှုစတင်လာပါပြီ။ မေမေ့ဗိုက်ထဲမှာ အရာရာကိုသိနားလည်ပြီး ဖွံ့ဖြိုးမှုတွေအားလုံး၊ အသိဉာဏ်တွေအားလုံး စတင်ဖွံ့ဖြိုးမှုတွေရှိနေပါပြီ။
- ခြောက်လအရွယ် သန္ဓေသားကတော့ ကလေးတစ်ဦးရဲ့ဖွံ့ဖြိုးမှုအစုံကိုသိရှိနိုင်ပြီဖြစ်တဲ့အရွယ်ပါ။ အချို့တွေကတော့ ဒီအချိန်မှာ ယောက်ျားလေး၊ မိန်းကလေးဆိုတာကိုသိဖို့ အက်ထရာစောင်းရိုက်ကူးကြပြီဖြစ်ပါတယ်။
- ခုနှစ်လအရွယ် သန္ဓေသားဆိုရင်တော့ ပြည့်စုံတဲ့ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ အသံတွေ၊ လှုပ်ရှားမှုတွေကို ခံစားသိရှိနေတတ်တဲ့အရွယ်ပေါ့။ ဒီအချိန်မှာ ဖေဖေ၊ မေမေတို့ကဝမ်းဗိုက်ထဲက ရင်သွေလေးနဲ့ စကားတွေပြောပြီး ရင်းနှီးကျွမ်းဝင်မှုတွေကို စတင်နိုင်ပြီလည်းဖြစ်ပါတယ်။ ရင်သွေးလေးကလည်း မေမေ့ဗိုက်ထဲကနေ လှုပ်ရှားမှုတွေနဲ့ အချက်ပြနေတော့မယ့်အချိန်ပေါ့။
- အသက် ၈ အရွယ် သန္ဓေသားကလည်း ဆက်လက်ဖွံ့ဖြိုးမှုတွေနဲ့အတူ မိခင်ဝမ်းဗိုက်ထဲမှာ ကြီးထွားနေပြီးမွေးဖွားဖို့အတွက် စောင့်ဆိုင်းနေပြီဖြစ်ပါတယ်။
- ၉ လဆိုရင်တော့ ကလေးငယ်က မိခင်ဝမ်းဗိုက်အပြင်ကိုထွက်လာပြီး ဘဝတစ်ခုစဖို့အတွက် အသင့်ဖြစ်နေပြီပေါ့နော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး