ယနေ့ခေတ် ကိုယ်ဝန်ဆောင် မိခင်အများဟာ
ပိုက်ဆံတတ်နိုင်ရင် အထူးကုဆေးရုံကြီးတွေမှာ
၈၀ ရာခိုင်နှုန်းလောက်က ခွဲမွေးနေကြတဲ့သူတွေဟာ များပြားပါတယ်။
ရိုးရိုးမွေးတဲ့သူအရေအတွက်ဟာ အလွန်ကိုနည်းနေပါတယ်။
အချို့ကတော့ ကိုယ်ဝန်ဆောင် မိခင်မှာ ဖြစ်ပေါ်တဲ့ လက္ခဏာကြောင့်မဟုတ်ပဲ
ဗေဒင်ကြောင့်၊ နာမှာကြောက်လို့ ခွဲမွေးတယ်ဆိုတာတွေကလည်း မဖြစ်သင့်တဲ့ အလွဲအမှား အယူအဆ အကြောင်းအရာတွေပါ။
ကလေးအနေအထားမှန်လား၊
ကလေးခေါင်းစိုက်ရဲ့လား
ညစ်အားကောင်းလာဆိုတာတွေကို လေ့လာပြီးမှ
ကိုယ်ဝန်ကို ခွဲမွေးရမလား၊ ရိုးရိုးမွေးရမလားဆိုတာ ဆရာဝန်တွေ ဆုံးဖြတ်ပေးတာပါ။
ဥပမာ - အရင်က သားအိမ်မှာ ခွဲစိတ်ဖူးတယ်။
အရပ်ကလဲ အရမ်းပုတယ်။
အရိုးကွင်းကလဲ ကျဉ်းတယ်၊
အရင်ကလေး နှစ်ယောက်ကိုလည်း ခွဲမွေးဖူးတယ်၊
ဒါမျိုး အန္တရာယ်ရှိတဲ့ ကိုယ်ဝန်တွေကတော့ မွေးဖွားတဲ့ အချိန်မှာ သားအိမ်ကွဲတတ်တယ်ပေါ့။
မွေးလမ်းကြောင်းမှာ အချင်းက ပိတ်နေတယ်၊ အချင်းပိတ်နေတော့ သားအိမ်က ဗိုက်နာတယ်ဆိုတာနဲ့ သားအိမ်အဝပွင့်တာနဲ့ သွေးဆင်းတတ်ပါတယ်။
အဲ့ဒီလို အခြေအနေမှာဆိုရင် ဗိုက်မနာခိုင်းတော့ဘဲ လစေ့တဲ့ အချိန်မှာ ခွဲမွေးလိုက်ရင် ဘာပြဿနာမှ မရှိတော့ဘူးလေ။
အချို့မိခင်တွေက ရိုးရိုးမွေးနိုင်တယ်။ ရိုးရိုးမွေးနိုင်တဲ့ အရည်အချင်းလည်းရှိတယ်လေ။
ဒါပေမယ့် ဗိုက်နာမှာ ကြောက်လို့ ခွဲမွေးမယ် ရိုးရိုးမွေးချင်ဘူးပေါ့။
အဲဒါဆိုလည်း ဗိုက်မနာအောင် ပေးစရာဆေးတွေလည်း ရှိတယ်လေ။
ဗိုက်နာတာကိုလည်း အနာသက်သာအောင် လုပ်လို့ရတဲ့ ဆေးတွေလည်းရှိတယ်လေ။
နာမှာစိုးလို့ ဗိုက်ခွဲမွေးတယ်ဆိုတာမျိုးတော့ မဖြစ်သင့်ဘူးပေါ့။
ရိုးရိုးမွေးတာကတော့ ကိုယ့်ကလေးကို နို့စောစောတိုက်လို့ရတယ်။
နို့စောစောတိုက်လို့ရတော့ နို့ထွက်သန်တယ်လေ။
ရိုးရိုးမွေးတာကတော့ အကောင်းဆုံးပေါ့
ကမ္ဘာက ပြုစုထားတဲ့ စစ်တမ်းတွေမှာ လူ (၁၀) ယောက်မှာ (၈) ယောက်လောက်က ရိုးရိုးမွေးပြီး ၂ယောက်လောက်ပဲ ခွဲမွေးဖို့လိုတာလေ။ မလိုအပ်ပဲ ခွဲမွေးချင်တာဟာ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ အလွဲအမှားတဲ့ အယူအဆတွေပဲ ဖြစ်ပါတယ်။
မှတ်ချက်။ ။ မေ့ရင်သွေးမဂ္ဂဇင်း ဖေဖော်ဝါရီလ ၂၀၁၇ ထုတ်တွင် ဒေါက်တာ ခင်သိန်းဦး၏ ဆောင်းပါးမှ ကောက်နုတ်ထားပါသည်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး