မေမေတို့ရေ ကလေးကို ၆ လအရွယ်မှာ ဖြည့်စွက်စာလေးတွေ စတင်ကျွေးမွေးတတ်ကြပါတယ်။ အဲ့ဒီလိုအချိန်မျိုးမှာ ကလေးရင်ဘတ်ထဲကနေ ခလူးခလူးချွဲသံတွေကြားနေတဲ့အခါ မိခင်ရဲ့အစားတွေကြောင့်လား ကလေးကိုကျွေးတဲ့ဖြည့်စွက်စာတွေကြောင့်လားလို့ အထင်ရောက်တတ်ကြပါတယ်နော်။ တကယ်ကတော့မိခင်အစားအစာတွေနဲ့မသက်ဆိုင်ပါဘူး။ တစ်ခါတစ်ရံမှာ ကလေးကိုအစာကျွေးတဲ့အချိန် လေပြွန်ထဲကို ရောက်ပြီး အစာမကျေသလိုမျိုးအဲ့ဒီအထဲက အသံထွက်တာမျိုးရှိတတ်ပါတယ်။
နောက်ထပ်ဖြစ်နိုင်ချေတစ်ခုကတော့ ကလေးက လေပြွန်အရိုးနုကောင်းကောင်းမဖွံ့ဖြိုးသေးချိန်မှာ လေပြွန်ကျဉ်းပြီး အသံထွက်တာလည်းဖြစ်နိုင်ပါတယ်။
အသက်ရှူလမ်းကြောင်းမှာ ပိုးဝင်ပြီး လေပြွန်၊ အဆုတ်ရောင်တဲ့အခါမျိုးတေွမှာလည်း အဲ့ဒီလို ခလူးခလူးအသံတွေကြားတတ်ကြရပါတယ်။ အကြောင်းရင်းကိုသေချာသိဖို့အတွက် ကလေးကိုနို့တိုက်ချိန်၊ အစာကျွေးချိန်တွေမှာ သတိထားပြီး ကျွေးရပါမယ်။ အဲ့ဒီလိုမှဆက်ပြီးအသံထွက်နေသေးတယ်ဆိုရင်တော့ သက်ဆိုင်ရာဆရာဝန်နဲ့ပြသဖို့လိုအပ်ပါတယ်နော်။
မေ့ရင်သွေးမဂ္ဂဇင်းမှကောက်နုတ်ချက်
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး