စျေး မီဒီယာ
မမွေးဖွားမှီ

ကိုယ်ဝန်ဆောင်မိခင်တေွ မာလကာသီးစားခြင်းဖြင့် ရရှိလာမယ့် အကျိုးကျေးဇူးများ

Posted by Htoo Yan Aung July 22, 2019
Fs48eagylqkfxe8cmfj0

လူကြိုက်များတဲ့အသီးတေွထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ မာလကာသီးဟာ ချိုမြိန်တဲ့အရသာရှိတဲ့ သစ်သီးတစ်မျိုးပါ။ မာလကာသီးချစ်သူတေွအနေနဲ့ ပျော့ပျော့ ၊ မာမာ အရေးမစိုက်ပဲ စားသုံးလေ့ရှိကြပါတယ်။ အမျိုးသမီးတေွအနေနဲ့ ကိုယ်ဝန်ဆောင်ကာလမျိုးမှာ မာလကာသီး စားသုံးဖို့ သင့်၊မသင့်ဆိုတာလည်း မိခင်လောင်းတေွ သိချင်နေကြတဲ့ အကြောင်းအရာတစ်ခုပါပဲ။

Xp1wjy6pvmyuktkxwlvi

ဟုတ်ပါတယ်။ မာလကာသီး ကိုယ်ဝန်ဆောင်သည်မိခင်တေွအတွက် အထူးသင့်လျော်ပြီး အန္တရာယ်ကင်းတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ကိုယ်ဝန်စဆောင်တဲ့ကာလကနေ မီးဖွားခါနီးအချိန်အထိ ကိုယ်ဝန်ဆောင်အဆင့်အမျိုးမျိုးမှာ စားသုံးဖို့ သင့်တော်ပါတယ်။ မာလကာသီးဟာ အာဟာရဓာတ်မြောက်များစွာပါဝင်ပြီး ကျန်းမာရေးအတွက် အကောင်းဆုံး အထောက်အပံ့ပေးနိုင်ပါလိမ့်မယ်။

Jwxki6rauqkjinpunxym

ဒါပေမယ့် သင့်အနေနဲ့ ဂရုစိုက်ရမယ့်အချက်ကတော့ မာလကာသီးကို ပမာဏအနည်းငယ်သာ စားသုံးသင့်ပါတယ်။ တန်ဆေးလွန်ဘေးဆိုတဲ့စကားအတိုင်း မာလကာသီးအများကြီးစားသုံးမိရင် သန္ဓေသားအပေါ် ဆိုးရွားတဲ့ သက်ရောက်မှုတေွ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါ့ကြောင့် မာလကာသီးစားမယ်ဆိုရင် သင့်တင့်တဲ့ ပမာဏလောက်သာ စားသုံးပေးရမှာ ဖြစ်ပါတယ်။

D6bqarbzxp2yfgurvgav

ဒါ့အပြင် သင်စားသုံးမယ့် မာလကာသီးဟာ သေချာပေါက် မှည့်နေဖို့ လိုအပ်ပါတယ်။ ကိန်းဂဏာန်းအရ အရည်အသေွးပြည့်ဝတဲ့ မာလကာသီးတစ်လုံးဟာ အလေးချိန် ၁၀၀ဂရမ်ကနေ ၁၂၀ဂရမ်အကြားရှိပြီး ချိန်တွယ်စားသုံးမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ မာလကာသီးဟာ ကိုယ်ခံစွမ်းအားကောင်းမွန်စေခြင်း ၊ သေွးဖိအားကို ထိန်းညှိပေးခြင်း ၊ ဝမ်းချုပ်ခြင်း နဲ့ လိပ်ခေါင်းရောဂါတို့ကို အကောင်းဆုံး ကာကွယ်တားဆီးပေးနိုင်ပါတယ်။

Vcwroh46p9kdkger3j0o

သန္ဓေသားရဲ့အာရုံကြောစနစ်ကို ဖွံ့ဖြိုးစေပြီး ကင်ဆာရောဂါဖြစ်ပွားနိုင်ချေကိုလည်း လေှျာ့ချပေးမယ့် မာလကာသီးဟာ ကိုယ်ဝန်ဆောင်မိခင်တေွအတွက်တော့ မဖြစ်မနေစားသုံးပေးသင့်တဲ့ ဆေးတစ်မျိုးလို့တောင် သတ်မှတ်ရမယ့် အသီးတစ်မျိုးပဲ ဖြစ်ပါတယ်။

HYA (kyarlay)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.