မေမေတို့ရေ ရေနဲ့ဆော့ကစားမှုများတဲ့ ကလေးငယ်တွေက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကို ပိုမိုမြင့်မားစေပါတယ်တဲ့။ အခုနောက်ပိုင်းမှာတော့ ငယ်စဉ်အရွယ်မှာကတည်းက ကလေးကို ရေကူးလေ့ကျင့်ပေးတာတွေ ပြုလုပ်နေကြပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် အခုနောက်ပိုင်းရေကူးကန်ငယ်လေးတွေကိုလည်း အလွယ်တကူဝယ်ယူနိုင်နေပြီဆိုတော့ ကလေးတွေအတွက် ရေဆော့ကစားဖို့လည်း လွယ်ကူနေပါပြီနော်။ အဲ့ဒါကြောင့် ကလေးတွေကိုယ်တိုင်ယုံကြည်မှုမြင့်မားပြီး ကျန်းမာသန်မာတဲ့ရင်သွေးငယ်လေးတွေဖြစ်ဖို့အတွက် သူတို့တွေကို လွတ်လွတ်လပ်လပ်ရေဆော့ကစားစေဖို့လည်း လိုအပ်ပါတယ်နော်။ ကလေးတွေရေဆော့ကစားတဲ့အချိန်မှာ အန္တရာယ်မဖြစ်စေဖို့ကိုတော့ မေမေတို့တွေအားလုံးက ဂရုစိုက််ပြီး ကြည့်ရှုပေးဖို့တော့လိုအပ်ပါတယ်နော်။
ရေကစားတာများတဲ့ကလေးတွေဟာ ယုံကြည်မှုကိုလည်း တိုးပွားစေသလို၊ သင်ယူလေ့လာနိုင်စွမ်း၊ နားလည်နိုင်စွမ်းတွေမှာလည်း မြင့်မားတိုးတက်လာစေတယ်လို့ ကလေးသူငယ်ဆိုင်ရာသုတေသနပြုလုပ်မှု စစ်တမ်းတွေမှာ ဖော်ပြထားပါတယ် မေမေတို့ရေ။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး