• မြန်မာအမျိုးသမီး အများစုက Sex ကိစ္စ နှင့်ပတ်သတ်ရင် မေးရမှာကို ရှက်ကြ၊ ကြောက်ကြပါတယ်။ မပြောရဲတဲ့ အထဲမှာ တစ်ခု အနေနဲ့ ပါ၀င်တာကတော့ အိမ်ထောင်ကျပြီး ကိုယ်ဝန်ဆောင် မေမေတို့ အခက်အခဲ ဖြစ်နေတဲ့ ပြဿနာက တော့ ကိုယ်ဝန်ဆောင်စဉ်မှာ ယောကျာ်းနဲ့ အတူနေခြင်း (လိင်ဆက်ဆံခြင်း) ပဲဖြစ်ပါတယ်။
အတူမနေရဘူးတော့ မဟုတ်ပါဘူး နေလို့ရပါတယ် ဒါပေမယ် ကိုယ်ဝန်စရှိစ ပထမ ၁၂ပတ်ဆိုတဲ့ အချိန်ဟာ အချင်းဟာ ကောင်းကောင်းမဖွံ့ဖြိုးသေးတဲ့အတွက် ကိုယ်ဝန်ခိုင်၏ မခိုင်၏ ဆိုတာက ပြောရတာခက်တယ်။
ကိုယ်ဝန်ရှိရှိခြင်း လေးလလောက်မှာဆိုရင် ရှောင်သင့်ပါတယ်။
ဘာလို့လဲဆိုတော့ ကိုယ်ဝန်က အချင်းမဖြစ်သေးခင်မှာ ကိုယ်ဝန်ပျက်လုပျက်ခင်ဖြစ်နိုင်တာလား။
ခိုင်လား မခိုင်ဘူးလားဆိုတာ မကျိန်းသေတဲ့အတွက် ဖြစ်ပါတယ်။
• အကြမ်းအားဖြင့်တော့ ကိုယ်ဝန် ၁၂ ပတ် မတိုင်ခင် အရွယ်မှာ ကိုယ်ဝန်ရဲ့ ပျက်နိုင်တဲ့ အခြေအနေဟာ ၂၀ကနေ ၃၀ ရာခိုင်နှုန်းအထိ ရှိပါတယ်။
• ဒါပေမယ့် ၁၂ပတ် ကနေ ၁၃ပတ် ကျော်သွားပြီဆိုရင်တော့ ကိုယ်ဝန်ပျက်ကျနိုင်ခြေဟာ ၂ရာခိုင်နှုန်းအောက်ကို နည်းသွားပါပြီ။
အဲဒီလိုအခါမျိုးမှာတော့ ဗိုက်ကို တိုက်ရိုက်မထိတဲ့ အနေအထား (Position) မျိုးနဲ့ ကိုယ်အမျိုးအသားနဲ့ အတူတူနေလို့ရပါတယ် ဆက်ဆံနိုင်ပါတယ်။
• ကိုယ်ဝန်သည်အနေနဲ့ ကိုယ်ဝန်ရှိနေစဉ်မှာ ရေမွှာပေါက်တယ်တို့၊ သွေးဆင်းတဲ့ ပြဿနာရှိတာတို့ ပြဿနာတစ်ခုခု ရှိတယ်ဆိုရင်တော့ အမျိုးသားနှင့်ဆက်ဆံတာကို ရှောင်သင့်ပါတယ်။
• ၁၃ပတ်ကျော်ရင် ဆက်ဆံတာက ပုံမှန် ပြဿနာမှ မရှိထားဘူးဆိုရင်တော့ ဆက်ဆံနိုင်ပါတယ်။
• နောက်တစ်ခုကတော့ မွေးခါနီး ၃၆၊ ၃၈ပတ်ကျော်ပြီဆိုရင်တော့ အမျိုးသားနဲ့ လိင်ဆက်ဆံတာ ပြန်ရှောင်ရပါမယ်။
• ၁၃ ပတ် ကနေ ၃၆ ပတ် အထိက ဘာမှ ပြဿနာမရှိရင် အတူနေလို့ရပါတယ်။
• နောက်တစ်ခု မွေးပြီးရင်လည်း ဘယ်လောက်ကြာရင် အတူတူနေလို့ရလဲဆိုတော့ ပုံမှန်အားဖြင့်တော့ ၄၅ရက်ပြည့်ပြီဆိုရင် အတူနေနိုင်ပါပြီလို့ ဆိုပေမယ့်လည်း မိန်းမတစ်ယောက်ရဲ့ စိတ်ရော ၊ ခန္ဓာကိုယ်ရောပုံမှန်ပြန်ရောက်သွားပြီဆိုရင်တော့ အတူနေနိုင်ပါပြီ။ မိခင်တွေ အနေနဲ့က နို့တိုက်နေတဲ့ အချိန်မှာ ပုံမှန်မျိုးဥက မကြွေတတ်ပါဘူး။ ဒါကြောင့် ဟော်မုန်းပြောင်းလဲမှုတွေက ပုံမှန်လို မဟုတ်ဘူးပေါ့။ အတူနေရင်နာမယ်၊ အောက်မွေးလမ်းကြောင်းအနာကနေနာတာရှင်းရှင်း ပျောက်သွားပြီဆိုရင် ပြန်နေလို့ရပါတယ်။
• မိခင်မှာ သွေးဆင်းတယ်တို့၊ သွေးသွန်တယ်တို့၊ ပိုးဝင်တယ်တို့ဆိုရင်လည်း ဆရာဝန် နှင့် တိုင်ပင်ပြီးမှ အမျိုးသားနှင့် လိင်ဆက်ဆံသင့်ပါတယ်။
မှတ်ချက်။ ။ မေ့ရင်သွေးမဂ္ဂဇင်း မတ်လ 2017 ထုတ် မှ ဒေါက်တာသင်းသင်းအောင် ဆောင်းပါးမှ ကောက်နုတ်ထားဖြင်းဖြစ်ပါသည်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး