မေမေတို့ရေ ကလေးငယ်ဘဝမှာ များများအိပ်ဖို့လိုပါတယ်။ အိပ်ချိန်များမှလည်း ကလေးရဲ့ဖွံ့ဖြိုးမှုတွေ၊ ကျန်းမာရေးတွေမှာ အထောက်အပံ့ပေးနိုင်မှာပါနော်။ အဲ့ဒီအတွက် မေမေတို့က သားသားမီးမီးလေးတွေ အိပ်ရေးဝ၊ မဝဆိုတာကို သေချာသိဖို့လိုပါတယ်နော်။ ကလေးငယ်ဟာ အိပ်ရေးမဝတာများလာခဲ့ရင် သူတို့ရဲ့ အပြုအမူ၊ စိတ်ခံစားမှု၊ ပေါင်းသင်းဆက်ဆံရေး၊ အာရုံစူးစိုက်မှု၊ သင်ယူလေ့လာနိုင်မှုတွေ သိသိသာသာထိခိုက်လာနိုင်ပါတယ်နော်။ အဲ့ဒီအတွက် ကလေးငယ်အိပ်ရေးမဝတာကို သိသာနိုင်မယ့်အခြေအနေလေးတွေကို မျှဝေပေးမယ်နော်။
- ကလေးငယ်က ကားစီးရင်း အိပ်ပျော်သွားတတ်သလား။
- မနက်တိုင်း ကလေးကို အကြာကြီးနှိုးနေရသလား။
- ကလေးက နေ့ဘက်မှာ ပင်ပန်းနွမ်းနယ်နေသလား။
- ကလေးက နိုးလာတဲ့အချိန်မှာ စိတ်တိုဂျီကျတတ်သလား။
- ကလေးက နေ့လယ်ဘက်တွေ အိပ်ငိုက်နေသလား။
- ကလေးက အိပ်နေကျအချိန်မျိုးမဟုတ်ဘဲ တစ်ခုခုလုပ်နေရင်း ငိုက်ပြီးအိပ်ပျော်သွားတတ်သလား။
ဒီလိုမေးခွန်းလေးတွေအပေါ် မေမေတို့က ကိုယ့်ကိုယ်ကိုယ်ပြန်ပေးပြီး ဆန်းစစ်ကြည့်ပါ။ အဖြေတွေအားလုံး Yes ဆိုရင်တော့ ကလေးငယ်အိပ်ရေးမဝတာသေချာနေပါပြီ။ ဒါဆိုရင်တော့ မေမေတို့က ကလေးရဲ့အိပ်ချိန်လေးကို သေချာပြန်လည်အစီအစဉ်ဆွဲပြီး ပြောင်းလဲပြုလုပ်ပေးသင့်ပါပြီနော်။
မေမေတို့ရေ ဒီလိုအကျိုးရှိတဲ့အကြောင်းအရာလေးကတော့ (စာရေးသူ ဒေါက်တာ မေမွန်ရဲ့ မေ့ရင်သွေးလေးကျန်းမာစေဖို့) ဆိုတဲ့ စာအုပ်လေးထဲမှာပါရှိပါတယ်နော်။ ဒီစာအုပ်လေးကိုသေချာဖတ်ရှုချင်တယ်ဆိုရင်တော့ ကျားလေးမှာ ဆက်သွယ်မှာယူနိုင်ပါတယ်နော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး