မေမေတို့ရေ ဘေဘီလေတွေ ကျန်းမာပျော်ရွှင်မှုတွေရှိစေဖို့အတွက် မှန်ကန်တဲ့အိပ်စက်ချိန်နဲ့ ကောင်းမွန်စွာအိပ်စက်နိုင်မှုတွေ လိုအပ်ပါတယ်နော်။ မေမေတို့က သားသားမီးမီးလေးတွေရဲ့ အိပ်စက်ချိန်ကို နေ့စဉ်ပုံမှန်ဖြစ်အောင် သတ်မှတ်ပေးထားပြီး အဲ့ဒီအိပ်ချိန်အတိုင်းအိပ်စက်မှုရှိစေဖို့ကိုလည်း ဂရုတစိုက်ကြပ်မတ်ပေးရပါမယ်။ သတ်မှတ်အိပ်ချိန်မတိုင်မီမှာတော့ မေမေတို့က ကလေးငယ်ကိုသွားတိုက်ပေးတာ၊ ခြေလက်ဆေးပြီး သေးခံလဲပေးတာ၊ ညဝတ်လဲပေးတာ၊ ဘုရားရှိခိုးစေတာတွေကို ကြိုတင်ပြုလုပ်ပေးထားဖို့လိုပါတယ်နော်။
နောက်ပြီး ဘေဘီလေးတွေကောင်းမွန်စွာအိပ်စက်နိုင်စေဖို့အတွက် အိပ်ချိန်မတိုင်မီ နာရီဝက်လောက်မှာကတည်းက ငြိမ်ငြိမ်လေးထားပေးထားဖို့လိုပြီး မေမေတို့က စာအုပ်ဖတ်ပြတာ၊ ပုံပြင်ပြောပြတာ၊ ငြိမ့်ညောင်းတဲ့ဂီတသံစဉ်လေးတွေကို ဖွင့်ထားပေးတာတွေ ပြုလုပ်ထားသင့်ပါတယ်။ မေမေတို့က ကလေးငယ်ကိုပွေ့ဖက်ပေးပြီး ချော့သိပ်တာကလည်း ရင်သွေးလေးတွေ ကောင်းမွန်စွာအိပ်စက်နိုင်စေဖို့အတွက် အထောက်အကူပေးပါတယ်နော်။ နောက်ပြီး ညဘက်မှာရေနွေးနွေးလေးနဲ့ ရေချိုးပေးတာကလည်း ဘေဘီလေးတွေကောင်းမွန်စွာအိပ်ပျော်နိုင်စေဖို့ အထောက်အကူပေးပါတယ်တဲ့ မေမေတို့ရေ။
မေမေတို့ရေ ဒီလိုအကျိုးရှိတဲ့အကြောင်းအရာလေးကတော့ (စာရေးသူ ဒေါက်တာ မေမွန်ရဲ့ မေ့ရင်သွေးလေးကျန်းမာစေဖို့) ဆိုတဲ့ စာအုပ်လေးထဲမှာပါရှိပါတယ်နော်။ ဒီစာအုပ်လေးကိုသေချာဖတ်ရှုချင်တယ်ဆိုရင်တော့ ကျားလေးမှာ ဆက်သွယ်မှာယူနိုင်ပါတယ်နော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး