ကိုယ်ဝန်ဆောင်နေစဉ်မှာ စိတ်ညှိုးငယ်ခြင်း လက္ခဏာများကို အနည်းနှင့်အများ ခံစားရတတ်ပါတယ်။ အကျိုးဆက်အနေနဲ့တော့ အိပ်ရာဝင်ရာတွင် နှောင့်နှေးခြင်း ကိုယ်အလေးချိန်တက်လာခြင်းတို့ဖြစ်ပွားတတ်ပါတယ်။
ဖော်ပြပါ လက္ခဏာများကိုမေမေလောင်းများအနေနဲ့ခံစားရပါက အချိန် ၂ပတ်ကြာသည် အထိခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်ဖြစ်လေ့ဖြစ်ထရှိသောကိစ္စများဖြစ်သည့်အတွက် စိုးရိမ်မှုလွန်ကဲခြင်းတော့မဖြစ်သင့်ပါဘူး။
ခံစားချက်များပြောင်းလဲလာသည်ကိုခံစားရမှာပါ။ စိတ်ထဲဘာမှမရှိတော့အောင် ရှင်းလင်းခြင်း၊ မျှော်လင့်ချက်မဲ့သလို အကူအညီမဲ့သလိုခံစားရခြင်းနဲ့ ဒေါသထွက်လွယ်ခြင်းတို့ကို ကိုယ်ဝန်ဆောင်နေစဉ်ခံစားရနိုင်ပါတယ်။
ခန္ဓာကိုယ်ပြောင်းလဲမှုဖြစ်စဉ်များအနေနဲ့ အားအင်ကုန်ခမ်းခြင်းနဲ့ လေးလံခြင်းတို့ကို အချိန်ပြည့်ခံစားရနိုင်ပါတယ်။ ခေါင်းကိုက်ခြင်း၊ အစာအိမ် နာကျင်ခြင်းနဲ့ အခြားရောဂါလက္ခဏာများလည်းခံစားရနိုင်ပါတယ်။
နေ့စဉ်နေထိုင်မှုအပြောင်းအလဲတချို့ကိုလည်းခံစားရနိုင်ပါတယ်။ အစားစားလွန်းခြင်း အနည်းငယ်သာစားခြင်း၊ အအိပ်လွန်ခြင်း အအိပ်နည်းခြင်း၊ ဆုံးဖြတ်ချက်ချရာတွင်ခက်ခဲခြင်း၊အာရုံစူးစိုက်ရာတွင် အခက်အခဲရှိခြင်း၊ မှတ်ဉာဏ်ပြဿနာများနဲ့ အရင်ကကြိုက်နှစ်သက်သည့် လုပ်ငန်းဆောင်တာများကို စိတ်ဝင်စားမှုလျှော့နည်းခြင်းများကို ခံစားရနိုင်ပါတယ်။
MiGi