
အိမ်ထောင်ရေးတစ်ခု ခိုင်မြဲနိုင်ဖို့ မရှိမဖြစ် လိုအပ်တာက သားသမီးရတနာပါ။ အိမ်တစ်အိမ်ရဲ့ ဆည်းလည်းလေးတေွလို့ တင်စားခံထားရတဲ့ သားသမီးလေးတေွကို ပိုင်ဆိုင်ရတော့မယ်လို့ သိလိုက်ရတဲအချိန်ဟာ စုံတွဲလင်မယားတေွှကား ပျော်စရာအကောင်းဆုံး ကာလလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ မျိုးဆက်လေးတေွဟာ ယောကျင်္ားလေးဖြစ်မလား ၊ မိန်းကလေးဖြစ်မလားဆိုတာလည်း ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းနေပါတယ်။

တစ်ချို့သော စုံတွဲတေွဟာ သူတို့ရဲ့ ကလေးရဲ့ လိင်အမျိုးအစားကို ကြိုသိလိုတာကြောင့် ဆေးရုံ ၊ ဆေးခန်းတေွမှာ ဓာတ်မှန်သွားရိုက်လေ့ရှိကြပြီး တစ်ချို့ကတော့ မေွးဖွားလာမှသာ ဘာလေးဖြစ်မလဲဆိုပြီး ရင်ခုန်စွာနဲ့ မေှျာ်လင့်တတ်ကြပါတယ်။ ဓာတ်မှန်မရိုက်ပဲ လင်မယားကြား သားသားလေးကွ ၊ မီးမီးလေးကွ ဆိုပြီး ငြင်းခုန်ရတဲ့ အခိုက်အတန့်လေးဟာလည်း လုံးဝအမှတ်တရပါပဲ။

သင့်ရဲ့ ရင်သားအရွယ်အစားကိုကြည့်ပြီး သားသားလေးလား ၊ မီးမီးလေးလားဆိုတာ ကြိုသိနိုင်ပါတယ်။ သင့်ရဲ့ ဘယ်ဖက်ရင်သားက ညာဖက်ထက် အနည်းငယ် ပိုကြီးနေမယ်ဆိုရင် မီးမီးလေးကို ပိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။ သင့်ရဲ့ အိပ်စက်တဲ့ ပုံစံပြောင်းလဲမှုကို ကြည့်ပြီးတော့လည်း တွက်လို့ရပါတယ်။ သင်ဟာ ကိုယ်ဝန်လွယ်ထားရချိန်မှာ ညာဖက်ကိုပဲစောင်းပြီး အိပ်စက်ရင်တော့ သားသားလေးကို လွယ်ထားရတယ်လို့ သိထားလိုက်ပါ။

ကိုယ်ဝန်ဆောင်ကာလမှာ မကြာခဏ ခေါင်းကိုက်နေတာ သားသားလေးကြောင့်ပါ။ နောက်ပြီး ဖခင်ရဲ့ကိုယ်အလေးချိန်ကိုလည်း ကြည့်လို့ရပါသေးတယ်။ ဖခင်ရဲ့ ကိုယ်အလေးချိန်ဟာ မိခင်ကိုယ်ဝန်လွယ်ထားချိန်မှာ သိသိသာသာတက်လာရင်တော့ မီးမီးလေးရပြီလို့ သတ်မှတ်လို့ ရပါပြီ။

ယခုဖော်ပြပေးခဲ့တဲ့အချက်တေွဟာ ဓာတ်မှန်မရိုက်ပဲ သင့်ကလေး သားသားလေးလား ၊ မီးမီးလေးလားဆိုတာ ကြိုသိနိုင်မယ့် အချက်တေွပါပဲ။ ဒီအချက်တေွအပြင် အခြားသော အချက်တေွလည်း အများကြီး ကျန်ရှိပါသေးတယ်...။
HYA (kyarlay)