မေမေတို့ရေ ဘေဘီလေးတွေရဲ့ သွားကျန်းမာရေးအတွက် ငယ်စဉ်ကတည်းက အမြဲတမ်းကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှုတွေ ခံယူပေးသင့်ပါတယ်နော်။ ဘယ်အချိန်ကစပြီး ကလေးငယ်တွေကို သွားဆရာဝန်တွေဆီပြသသင့်လဲဆိုရင်တော့ ကလေးငယ်လေးတွေ ငယ်သွားစတင်ပေါက်တဲ့အချိန် (ဒါမှမဟုတ်) အသက်တစ်နှစ်ပြည့်ပြီးတဲ့အချိန်ကစလို့ အနည်းဆုံး ၆ လတစ်ကြိမ် သွားကျန်းမာရေးစစ်ဆေးမှုတွေကို မှန်မှန်လေးပြုလုပ်ပေးသင့်ပါတယ်နော်။
ကလေးအသက် ၃ နှစ်လောက်မှ သွားဆရာဝန်တွေဆီရောက်ခဲ့မယ်ဆိုရင်တော့ သွားအများစုမှာ ပိုးစားရောဂါစွဲကပ်နေပြီး တွင်းတွေ၊ အပေါက်လေးတွေနဲ့ကယ်ဆယ်ဖို့ခက်ခဲသွားနိုင်တယ်လို့ အမေရိကန်သွားဆရာဝန်များအသင်းက အကြံပြုထားပါတယ်။ သွားဆရာဝန်တွေကလေးငယ်တွေကို သွားရောက်ပြသမယ်ဆိုရင်တော့ ကလေးလေးတွေမှာ ပိုးပေါက်ရှိ၊ မရှိ၊ ပိုးစားနိုင်ခြေရှိ၊ မရှိတွေကို စစ်ဆေးပေးရုံသာမကဘဲ မှန်ကန်တဲ့သွားတိုက်နည်းစနစ်တွေ၊ သွားကြားသန့်ရှင်းရေးစနစ်တွေကို သင်ကြားသရုပ်ပြပေးမှုတွေလည်းရှိပါတယ်နော်မေမေတို့။
မေမေတို့ရေ ကလေးလးတွေကို သွားဆရာဝန်ဆီခေါ်သွားမယ်ဆိုရင်တော့ ကလေးစိတ်ကြည်လင်နေတဲ့နေ့မျိုး၊ အချိန််မျိုးတွေကိုရွေးချယ်သွားရမှာဖြစ်ပါတယ်နော်။
မေမေတို့ရေ ဒီလိုအကျိုးရှိတဲ့အကြောင်းအရာလေးကတော့ (စာရေးသူ ဒေါက်တာ မေမွန်ရဲ့ မေ့ရင်သွေးလေးကျန်းမာစေဖို့) ဆိုတဲ့ စာအုပ်လေးထဲမှာပါရှိပါတယ်နော်။ ဒီစာအုပ်လေးကိုသေချာဖတ်ရှုချင်တယ်ဆိုရင်တော့ ကျားလေးမှာ ဆက်သွယ်မှာယူနိုင်ပါတယ်နော်။
ပျော်ရွှင်ကျန်းမာတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေနော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး