
အရသာရှိလှတဲ့ နာနတ်သီးဟာ ကိုယ်ဝန်ဆောင်တေွ စားသုံးဖို့ အမြဲသံသယဝင်ခံရတဲ့ အသီးတစ်မျိုးပါ။ တစ်ချို့က ကိုယ်ဝန်ဆောင်တေွ စားသုံးသင့်ကြောင်း ထောက်ခံပေးကြပေမယ့် တစ်ချို့ကတော့ မစားဖို့ အကြံပြုကြပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်မိခင်တေွအနေနဲ့ နာနတ်သီးစားသင့် ၊ မစားသင့် အမြဲဒွိဟဖြစ်နေရပါတယ်။

နာနတ်သီးမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်ကို ဖြိုဖျက်ပေးတဲ့ ဓာတ်တစ်မျိုးပါဝင်တာကြောင့် ကိုယ်ဝန်ပျက်ကျစေနိုင်တဲ့အထိ အန္တရာယ်ရှိနိုင်ပါတယ်။ ဒါပေမယ့် ၂၀၁၈ခုနှစ်အတွင်းမှာ ဆေးသိပ္ပံပညာရှင်များက ကိုယ်ဝန်ဆောင်ကာလမှာ နာနတ်သီးစားသုံးခြင်းဟာ မိခင်လောင်းနဲ့ သန္ဓေသားအတွက် လုံးဝအန္တရာယ်မရှိဘူးလို့ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

နာနတ်သီးကို ပုံမှန်အတိုင်းစားသုံးခြင်းထက် အပိုင်းပိုင်းစိတ်မွှာပြီး ဖျော်ရည်ပြုလုပ်သောက်သုံးခြင်းက ပိုမိုအကျိုးရှိတယ်လို့လည်း ဖော်ပြသွားခဲ့ပါတယ်။ နာနတ်သီးမှာ ဗီတာမင် ၊ သတ္ထုဓာတ် ၊ ဗီတာမင်စီနဲ့ အမှျင်ဓာတ်တို့ ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်တေွအတွက် အထူးသင့်လျော်မှု ရှိပါတယ်။

ဒါပေမယ့် သင့်ရဲ့အစာအိမ်ဟာ သာမန်လူတေွလောက် ကောင်းမွန်ခြင်းမရှိတဲ့ အချိန်မျိုးမှာ နာနတ်သီးစားမိရင်တော့ ပြဿနာအနည်းငယ် ရှိနိုင်ပါတယ်။ နာနတ်သီးမှာ ရင်ပူစေတဲ့ အက်ဆစ်ဓာတ်တစ်မျိုးပါဝင်တာကြောင့် သင့်မှာ အစာအိမ်နာရောဂါအခံမျိုး ရှိနေတယ်ဆိုရင်တော့ ရေှာင်ကြဉ်သင့်ပါတယ်။

သင်ပြနေကျ ဆရာဝန်က သင့်ကို နာနတ်သီးစားသုံးဖို့ တားမြစ်ခဲ့ရင်တော့ ဘယ်လောက်အကျိုးရှိရှိ မစားသုံးတာဟာ အကောင်းဆုံး ဖြစ်မှာပါ။
HYA (kyarlay)