စာဖတ်ခြင်းက လူကြီးများကိုသာမကဘဲ ကလေးငယ်များကိုပါအကျိုးကျေးဇူးများစွာပေးနိုင်သဖြင့် စာဖတ်ခြင်းကို အကျင့်လုပ်ပေးသင့်ပါတယ်။
သင် သင်ပေးလိုတဲ့အတို်င်း သင်ကိုယ်တိုင်ကျင့်ကြံပါ။ ဒီနည်းဟာ ကလေးငယ်များကိုပြုစုပျိုးထောင်ဖို့အတွက် မိဘများအတွက် အကောင်းဆုံးနည်းလမ်းပါပဲ။ထို့အတွက် ကလေးငယ်လေးများကို စာဖတ်စေလိုလှျင် သင်ကိုယ်တို်င်စာအုပ်ကို အရင်ကို်င်ရမှာဖြစ်ပါတယ်။
မိဘတစ်ယောက်အနေနဲ့ ကလေးငယ်ကိုစာဖတ်စေလိုလှျင် စာဖတ်ခြင်းအကျင့်ကို အားပေးသော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးဖို့လိုအပ်ပါတယ်။ စာဖတ်စေချင်ရင်တော့ စာအုပ်အရင်ဝယ်ပေးဖို့လိုအပ်ပါတယ်။ စာဖတ်ရမည့်နေရာလေးကိုပါဖန်တီးပေးနိုင်ရင်ပိုကောင်းပါတယ်။ ကလေးငယ်နဲ့ စာကြည့်တိုက်ကိုအလည်အပတ်သွားတာမျိုး ပြုလုပ်သင့်ပါတယ်။
ကလေးငယ်လေးကိုလည်း သူတို့၏ စာအုပ်များအပါ် တန်ဖိုးထားခြင်းတတ်ဖို့သင်ပေးသင့်ပါသေးတယ်။ ကလေးရဲ့ အောင်မြင်မှုတစ်ခုခုကိုဆုချတဲ့အခါ၊ မေွးနေ့လက်ဆောင်ပေးတဲ့အခါ၊ ကြုံကြိုက်လို့လက်ဆောင်ပေးတဲ့အခါမျိုးမှာ စာအုပ်ကိုလက်ဆောင်ပေးသင့်ပါတယ်။
ကိုယ့်ရဲ့ အတေွ့အကြုံကိုကလေးငယ်နဲ့ မှျဝေပါ။ သင်ဖတ်သောစာအုပ်မှာ ဘယ်လိုအကြောင်းအရာလေးတေွပါ၀င်တယ်၊ ဘယ်လိုဇာတ်လမ်းဖြစ်တယ်ဆိုတာမျိုးကို ပြောပြပေးသင့်ပါတယ်။ ထိုသိုြ့ပုလုပ်ပေးခြင်းဖြင့် ကလေးငယ်များအနေနဲ့ ဇာတ်လမ်းသဘောတရားကိုုနားမလည်နိုင်သေးရင်တောင် စာအုပ်များမှ စိတ်ကူးယဉ် ကမ္ဘာနှင့် ဆက်စပ်မှုရှိသည်ကို သိရှိမှာဖြစ်ပါတယ်။
တေွ့ရှိချက်များအရ ကလေးငယ်များကို စာဖတ်သော အတေွ့အကြုံကိုပြောပြပေးခြင်းက ကလေးငယ်ရဲ့ စိတ်ကူးပုံဖော်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာတိုးတက်မှုကို မြှင့်တင်ပေးပါတယ်။ ထို့အတွက် ကလေးငယ်နဲ့ ကိုယ်ဖတ်နေတဲ့စာအုပ်အကြောင်းဆေွးနေွးသင့်ပါတယ်။
MiGi