
လမ်းသွားတဲ့အခါ ကလေးကိုလုံခြုံစိတ်ချအောင် ချီပိုးလေးနဲ ့ ထုတ်သွားသင့်ပါတယ်။
မေမေနဲ ့အတူတူလမ်းသွားရင် ကလေးလုံခြုံဖို ့ကအဓိကပါ။
ခုခေတ်မှာ မေမေတို ့အတွက် လွယ်ကူစေမယ့် ကလေးချီပိုး ဒီဇိုင်းတေွအများကြီး ထွက်ပေါ်လာပါပြီ။
ကလေးကို မေမေရဲ ့ ရင်ခွင်ထဲမှာ ရောက်နေသလိုခံစားရမယ့်ချီပိုး ပုံစံ၊ ကျောပိုးအိတ်လိုမျိုး ကျောအနောက်မှာ
ပိုးပြီးသွားလို ့ရတဲ့ ချီပိုးပုံစံ ၊ ကလေးကို လည်ပင်းနဲ ့လက်တဖက်ကိုတစ်စောင်းသိုင်းထားလို ့ရတဲ့ ပုဝါလေးလို လွယ်ကူပေါ့ပါးတဲ့ ချီပိုးပုံစံတေွ
စသဖြင့်အများကြီးရှိတာပါ။
ကလေးချီပိုးသုံးတာက မေမေ၊ဖေဖေတို ့ခရီ်းသွားတာ ၊ လမ်းသွားတာအတွက် အရမ်းကိုအသုံးဝင်တာပါ။
ကလေးကိုဒီအတိုင်း လက်ဗလာနဲ ့ချီတာက ကလေးအတွက် လုံခြုံမှုမရှိတဲ့အပြင် လက်တေွကိုပါညောင်းစေတာပါ။
ကလေးချီပိုးသုံးခြင်းရဲ ့အကျိုးကျေးဇူးတေွကဘာလဲ?

-ကလေးချီပိုးသုံးပြီးလမ်းသွားတာဟာ ကလေးနဲ ့မိဘကြား ပိုပြီးထိကပ်စေပါတယ်။
ဒါဟာကလေးနဲ ့မိဘကြားက မေတ္တာ ကိုပိုပြီးတော့လဲ ကြီးထွားစေပါတယ်။
-ကလေးငိုတာကိုလျော့စေနိုင်ပြီး ကလေးကိုနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။
-ကလေးနို ့ဆာရင်လဲ ကောင်းကောင်းတိုက်နိုင်ပါတယ်။
-ကလေးကို ပုံစံမမှန်တာမဖြစ်စေတဲ့ အပြင် ပတ်ဝန်းကျင်နဲ ့ထိတေွ ့လို ့ကလေးကိုလဲကျန်းမာစေပါတယ်။
မိဘတေွအတွက်ကောဘယ်လိုအကျိုးပြုမလဲ?
-လက်တွန်းလှည်းလေးတေွလို နေရာ အရမ်းမယူပါဘူး။
-ကလေးကို နေရာတကာတိုင်း ချီပိုးသွားနိုင်တာမို ့ မေမေတို ့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုကို ပိုတိုးစေပါတယ်။
- ကလေးနဲ ့အတူတကွ ကိုယ်သွားချင်တဲ ့နေရာတေွကိုသွားနိုင်လို ့postpertum လို ့ခေါ်တဲ ့စိတ်ဓာတ်ကျတဲ့ရောဂါကိုလဲ မဖြစ်စေပါဘူး။
-ကလေးကိုသေချာချီပိုးတဲ့အခါ မေမေတို ့ရဲ ့ကြွက်သားတေွကိုပါ သန်မာစေပါတယ်။
ချီပိုးလေးတေွရဲ ့အကြောင်း~

-နောက်ကျောမှာပိုးတဲ့ ချီပိုးတေွကို အသက်၆လအောက် သေချာမထိုင်နိုင်သေးတဲ့ ကလေးတေွကို မသုံးသင့်ပါဘူး။
အသက် ၆လအောက် ကလေးလေးတေွကို ချီပိုးသုံးတဲ့အခါ ပဝါပုံစံလေးလို ဘေးတစောင်းသိုင်းလို ့ရတဲ ့ချီပိုးကိုသုံးပေးပါနော်။
ကလေးကမထိုင်နိုင်သေးတာမို ့လှဲပြီးချီထားတဲ့ ပုံစံမျိုးဖြစ်နေမှ အဆင်ပြေမှာပါ။
ဒီလိုချီပိုးဟာ ကလေးနို ့ဆာတဲ့အချိန်တိုင်းအလွယ်တကူတိုက်နိုင်ပါတယ်။
မေမေဖက်ထားသလိုလဲဖြစ်တာမို ့ ကလေးကိုပိုပြီး နေွးထေွးစေပါတယ်။
ကေလးကိုဘယ္လိုထားသင့္တာလဲ?
-ကလေးချီပိုးသုံးတဲ့အခါကလေးကို ကိုယ်နဲ ့မျက်နှာချင်းဆိုင်ထားတာပိုကောင်းပါတယ်။
ကလေးကချီထားတဲ ့သူနဲ ့မျက်နှာချင်းဆိုင် ပုံစံမျိုးဖြစ်တဲ့ အခါ ပိုနေွးထေွးစေပြီး ကျောပေးထားတဲ့ပုံစံဆိုရင်တော့ ကလေးရဲ ့ ကျောရိုးကိုကေွးစေနိုင်ပါတယ်။
ဒါ့အပြင် ကလေးကိုအပြင်ဘက်မှာထားတဲ့အခါ ခြေတေွက တွဲလောင်းကျနေတာမို ့ကလေးရဲ ့တင်ပါးဆုံရိုးကိုထိခိုက်စေပါတယ်။
ကလေးကိုအပြင်ဘက်ကိုမျက်နှာလှည့်စေတဲ့အခါ ပတ်ဝန်းကျင်ရဲ ့အန္တရာယ်တေွ ၊ ဖုန်မှုန် ့တေွကိုလဲ မျက်စိထဲဝင်စေပါလိမ့်မယ်။
ကလေးကို ဘယ်လိုပုံစံနဲ ့ပဲထားထား ကလေးချီထားတဲ ့သူနဲ ့မျက်နှာချင်းဆိုင် အနေအထားက အကောင်းဆုံးပါပဲ။
ကလေးနဲ ့မေမေအတွက် အသုံးဝင်တာတေွ~

ကလေးကိုချီပိုးသုံးတဲ့နေရာမှာ ကလေးနှာခေါင်းနဲ ့မေမေရဲ ့ကိုယ်က အရမ်းမကပ်နေရပါဘူး။
ကလေးလေးရဲ ့အသက်ရှုတာကို မထိခိုက်စေပဲ ပတ်ဝန်းကျင်ကိုလဲသေချာမြင်နိုင်အောင်ထားပေးရပါမယ်။
လမ်းသွားရင်း ကလေးရဲ ့နှဖူးလေးကိုလဲ လွယ်လွယ်ကူကူနမ်းလို ့ရပါသေးတယ်နော်။
ကလေးကိုချီပိုးနဲ ့သွားတဲ့ အခါမှာ ချော်လဲမှာကိုအထူးသတိထားပါနော် မေမေတို ့ရေ.......
TZWMA(Kyarlay)