စျေး မီဒီယာ
တစ်နှစ်မှ သုံးနှစ်

ကလေးငယ် သွားရည်ယိုခြင်း အကြောင်း

Posted by Zin Min Htut August 9, 2019
Pz56kve63rldnj6vuuqm

ကလေးငယ်တေွ သွားရည်ကျတာဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကလေးတစ်ယောက်ဟာ ပုံမှန် အသက်၆ လကနေ ၂ နှစ်ကျော်အထိ သွားရည်ယိုတတ်ကြပါတယ်။ ကလေးငယ်ရဲ့ ပါးစပ်နဲ့အချို့ကြွက်သားတေွ ကောင်းကောင်းမဖွံ့ဖြိုးသေးတာ ကြောင့်သွားရည် ယိုခြင်းဖြစ်တယ်လို့ သိရိှရပါတယ်။ ဒါ့ကြောင့် ကလေးငယ်ဟာသွားရည်ကို မျိုချိလို့မရခြင်းမျိုးဖြစ်ပါတယ်။

Hyodcdcgq0kf5zszsmrk

ကလေးငယ်တေွ သွားပေါက်ခါနီးအချိန်တေွမှာ သွားရည်ယိုခြင်းတေွ ဖြစ်ပေါ်တတ်ပါတယ်။ ဘာကြောင့်လဲဆိုရင် သွားတေွဟာ ကလေးငယ်ရဲ့ သွားဖုန်းကို ဖောက်ထွက်ပြီးပေါက်ရတာဖြစ်လို့ ကလေးငယ်ဟာ အဆိုပါနာကျင်မှုဒဏ်ကို ခံရတဲ့အတွက် ပါးစပ်ပေါက် ကောင်းကောင်းမစိနိုင်တာဖြစ်ပါတယ်။ ဒါက သွားပေါက်ပြီးသည်အထိ အကျင့်ပါသွားနိုင်ပါတယ်။

Eszmralotrd6olxrpyt1

ကလေးငယ်သွားရည်ကျတာဟာ အချို့ကတော့ အယူအဆရိှကြပါတယ်။ ကလေးငယ်ကို ခမည်းပေးတာတို့၊ အဘွား အထက်ဆင့်နဲ့ သုတ်ပေးတာတို့ စသဖြင့်ရိှကြပါတယ်။ သို့သော်ကလေးငယ်သွားရည်ကျတာကိုကောင်းကောင်းသတိထားကြည့်ပါ။ ကလေးငယ်ဟာ ပုံမှန်အနေအထားထက် ပါးစပ်ကို ဟာထားတတ်ကြပါတယ်။ ပါးစပ်အမြဲဟနေရတာဟာ သွားပေါက်ခါနီး သွားဖုန်းတေွနာတာကြောင့်ဆိုပြီး သတ်မှတ်လို့ရပါတယ်။ ဒါ့ကြောင့် ဒါဟာ ကလေးငယ်တိုင်း ကြုံတေွ့ရမယ့် ပုံမှန်အနေအထားတစ်ခုဖြစ်ပါတယ်။

Viplxeq7edywxkaymt90

ကလေးငယ်ဟာ သာမာန်အချိန်ကလာတစ်ခုထက် ပိုပြီး သွားရည်ကျနေပြီဆိုရင်တော့ မိဘတေွအနေနဲ့ သတိထားရမှာ ဖြစ်ပါတယ်။ ဆိုလိုတာက သွားစုံသည်ထိ သွားရည်ကျနေခြင်းမျိုးတေွ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် သွားရည်ကျနေပြီဆိုရင် ကလေးကို ဂရုစိုက်ဖို့ပဲ ဖြစ်ပါတယ်။ ကလေးငယ်၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံတစ်ခုခုချို့ယွင်းချက်ရိှနေရင်လည်း သွားရည်ကျခြင်းဟာ အချိန်ကာလတစ်ခုအထိ ကြာမြှင့်တတ်ပါတယ်။ ဒါ့ကြောင့်၄ နှစ်အထက်ထိ ကလေးငယ်ဟာ သွားရည်ကျတုန်းဆိုရင် အကောင်းဆုံးကတော့ ကျှမ်းကျင်တဲ့ ဆရာဝန်ကြီးများနဲ့ ပြသပြီး ကလေးငယ်ကို ကုသပေးသင့်ပါတယ်။

#ဇေဝန်းနေ(Kyarlay)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.