
ကလေးတေွကို သိတတ်စအရွယ်မှ စ၍ စာအုပ်တေွ အမြဲဖတ်ပြခြင်းရဲ့ အကျိုးကျေးဇူးကတော့ အရွယ်ရောက်တဲ့အချိန်မှာ သိသင့်တဲ့ဗဟုသုတထက်ပို၍ သိမြင်နိုင်ခြင်း၊ စကားအပြောအဆိုကြွယ်ဝခြင်း စသဖြင့်သော အကျိုးကျေးဇူးတေွ ရနိုင်ပါတယ်။ စာအုပ်တေွဆိုတာ လူငယ်၊ လူကြီးတေွအတွက် အရေးပါသလို ကလေးငယ်တေွအတွက်လည်း မရိှမဖြစ်လိုအပ်သော ရတနာတစ်ပါးပါပဲ။

ကလေးငယ်ကို ငယ်ရွယ်စဉ်မှာ ဖုန်းနဲ့ ဗဟုသုတတေွ ရစေခြင်းထက် စာအုပ်ဖတ်ပြခြင်းကနေ အသိပညာဗဟုသုတတေွပေးနိုင်ခြင်းက ပိုပြီး နည်းလမ်းကျပါတယ်။ ဒါမှသာ ကလေးငယ်တေ အသက်ရွယ်ကြီးလာသည်အထိ စာအုပ်ဖတ်တဲ့ အလေ့အကျင့်တစ်ခု ရသွားမှာဖြစ်ပါတယ်။ အသက် (၃) နှစ်ကနေ (၅)ကလေးငယ်တေွကို တစ်ပတ်ကို စာအုပ်သုံးအုပ်ခန့်ဖတ်ပြခြင်းက ကလေးငယ်၏ တိုးတက်လာမှုနှုန်း ပိုပြီးထိရောက်စေမှာဖြစ်ပါတယ်။

စာအုပ်ဆိုလို့ ကြီးကြီးမားမားကြီးတေွ ဖတ်ပြခိုင်းနေခြင်းမဟုတ်ပါ။ ကလေးစာ၊ကလေးတေွအတွက်ဝါသနာ ကိုအခြေခံပြီး သင့်သင့်သော အရွက်ရေရိှသည့် စာအုပ်မျိုးတေွကို ဖတ်ပြခိုင်းခြင်းဖြစ်ပါတယ်။ ဘယ်လိုစာအုပ်မျိုးတေွလဲဆိုရင် ချစ်ခြင်းမေတ္တာတရားတေွအကြောင်းဖော်ပြထားတဲ့စာအုပ်တေွ၊ အကျိုးကျေးဇူးနဲ့ သက်ဆိုင်တဲ့ စာအုပ်မျိုးတေွ၊ မိဘတေွနဲ့ ကလေးငယ်တေွရဲ့ သံယောဇဉ် ဖွဲ့ညွန်းရေးသားထားတဲ့ စာအုပ်တေွ၊ ပုံပြင်တေွအရာဝတ္ထုတေွနဲ့ သက်ဆိုင်တဲ့စာအုပ်တေွ၊ ကလေးငယ် အရွယ်နဲ့လိုက်ပြီး သိသင့်သိထိုက်တဲ့ ပုံပြင်စာအုပ်တေွ၊ ဒေသန္တာရ ဗဟုသုတစာအုပ်တေွ စသဖြင့် ဖတ်ပြနိုင်ပါတယ်။

မိဘတေွအနေနဲ့ မိမိရဲ့ ကလေးငယ်တေွကို ငယ်ငယ်ကတည်းက စာအုပ်တေွနဲ့ ရင်းနီှးခွင့်ပေးထားမယ်ဆိုရင် အသက်အရွယ်တစ်ခုရလာတဲ့အခါ တခြားကလေးတေွထက် ဉာဏ်ပညာ၊ အတေွးအခေါ်၊ဗဟုသုတ နဲ့အမြင်တေွပိုနေစေမှာကတော့ အမှန်ပဲဖြစ်ပါတယ်။
ဇေဝန်းနေ(Kyarlay)