စျေး မီဒီယာ
မွေးပြီး တစ်နှစ်အတွင်း

သင့်ကလေးအမြင့် တစ်နေရာက ပြုတ်ကျရင် ဘာလုပ်မလဲ ?

Posted by Thinzar Win Myint Aung August 10, 2019
Kxtz2fkl1jjwqayftb99

ပြုတ်ကျတယ်ဆိုတာဟာကလေးတိုင်း ဖြစ်နေကျပါ။
တကယ်လို ့မေမေတို ့ရဲ ့ကလေးက အိပ်ယာပေါ်ကပြုတ်ကျခဲ့မယ်ဆိုရင် အရမ်းကြီးမလန် ့သွားပါနဲ ့။ အရင်ဆုံး ကိုယ့်စိတ်ကိုငြိမ်အောင်ထားပြီးမှလုပ်သင့်တာဆက်လုပ်ရပါမယ်နော်။

စိတ်ကိုငြိမ်အောင်ထားပါ~

ကလေးတေွရဲ ့ အရိုးဟာကျှတ်ဆတ်ပြီး ပုံစံလဲမမှန်သေးတာကြောင့် သတိထားသင့်ပါတယ်။
တကယ်လို ့များ ကလေးက အိပ်ယာပေါ်ကပြုတ်ကျခဲ့ရင် မေမေက စိတ်အေးအေးထားပြီးဘာလုပ်ရမလဲဆိုတာ သေချာစဉ်းစားပါနော်။
ပထမဆုံးအနေနဲ ့ဘယ်လောက်အမြင့်ကနေပြုတ်ကျတာလဲ? ဘယ်ကနေပြုတ်ကျတာလဲဆိုတာ စဉ်းစားရပါပြီ။
လမ်းလေှျာက်ရင်း ချော်လဲကျတာဆိုရင်တော့ သိပ်ပြသနာမရှိပါဘူး။
တစ်ခုခုနဲ ့ဆောင့်မိတယ်ဆိုရင်တော့ ဆေးခန်းကိုအမြန်ဆုံးသွားသင့်ပါတယ်။

သေွးထွက်များ/မများ?

Veztmytqg4tgmgn4rsm9

ကလေးရဲ ့ဦးခေါင်းနဲ့ကျောကုန်းဟာ သိပ်ကိုအရေးကြီးတာပါ။ဒီနေရာတေွမှာတစ်ခုခုဖြစ်တဲ့အခါ အနာက ကြီးလား?သေွးထွက်များလား နည်းလားကိုလဲကြည့်ပေးပါ။ တကယ်လို ့သေွးထွက်များတယ်ဆိုရင် အနာကိုတစ်ခုခုနဲ ့အုပ်ပေးပြီး အရေးပေါ်ခန်းကိုပြေးရပါမယ်။
အနာက သေးလဲသေးတယ် သေွးထွက်တာလဲနည်းသွားပြီဆိုရင်တော့ ခဏလောက်စောင့်ကြည့်ပါ။
သေွးမထွက်တဲ့အနာဆိုရင်တော့ ဘယ်နားကိုဆောင့်မိတာလဲနဲ ့ဘာနဲ ့ဆောင့်မိသလဲဆိုတာကို ရှာဖေွရပါမယ်နော်။
များသောအားဖြင့် သေွးမထွက်ပဲဆောင့်မိတဲ့အနာတေွကို ရေခဲကပ်နိုင်ပါတယ်။

အန်မယ်/ နာကျင်မယ်ဆိုရင်~

ကလေးက ချော်လဲပြီးပြီးချင်း အန်မယ်ဆိုရင် ချက်ချင်းဆေးရုံသွားသင့်ပါတယ်။
အရမ်းငိုပြီးမှ အန်တာက မစိုးရိမ်ရပါဘူး။ ကလေးငယ်တိုင်းက အရမ်းငိုပြီးတဲ့အခါ ချောင်းအရမ်းဆိုးပြီး အန်ထွက်လေ့ရှိတာမို ့ပါ။ အန်တာ/ချောင်းဆိုးတာ အရမ်းဆိုးလာမယ်ဆိုရင်တော့ ဆေးခန်းကိုပြသင့်ပါပြီ။
နာကျင်တယ်ဆိုတာက အနာရဲ ့ အကောင်းဆုံး လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။
ချက်ချင်းမပျောက်သွားဘူး/ဆက်ပြီးနာနေမယ်ဆိုရင်တော့ ဆေးခန်းသွားပြတာ အကောင်းဆုံးပါနော်။

ကလေးရဲ ့လက္ခဏာတေွ~

Jyln1bhxf8fou6gk17u3

ကလေးဟာ ထိခိုက်မိပြီးတဲ့အခါမှာ သတိမေ့နေမယ်/နိှုးလို ့လဲမရဘူးဆိုရင် ချက်ချင်းအရေးပေါ်ကိုပြေးသင့်ပါတယ်။
ကလေးရဲ ့နား/နှာခေါင်းကနေ သေွးတေွထွက်လာမယ်/မျက်လုံးအဖြုထဲမှာလဲသေွးတေွနဲ ့ပြည့်နေမယ်ဆိုရင်တော့ ဆရာဝန်ရဲ့အကူအညီချက်ချင်းယူသင့်နေပါပြီ။
ကလေးက အိပ်ယာပေါ်ကနေလိမ့်ကိရင်တော့ ၂၄နာရီအိမ်မှာပဲ ထားပြီး သူ ့ရဲ ့လှုပ်ရှားသွားလာမှုတေွကိုကြည့်သင့်ပါတယ်။

ရေှာင်သင့်တာတေွ~

ချော်လဲတာဟာ လူကြီးကော ကလေးကောမှာဖြစ်တတ်တာပါ။
ဒါဟာ ရေှာင်ရှားလို ့မရပါဘူး။
ဒါပေမယ့် မိမိတို ့နေအိမ်မှာတော့ ချော်မလဲအောင် လမ်းသွားလမ်းလာမှာ ခလုတ်တိိုက်စေမယ့်အရာတေွကို ဖယ်ထားသင့်ပါတယ်နော်။
ကလေးမပြုတ်ကျအောင် ပြတင်းပေါက်အနားမှာ ခုံတေွ/စားပွဲတေွထားတာကိုလဲရေှာင်သင့်ပါတယ်နော်။


TZWMA(Kyarlay)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.