ကိုယ့်ကလေးအတွက် စစချင်းထိတေွ ့ဖို ့ ဘယ်လိုတူရိယာမျိုးက ကိုက်ညီမလဲဆိုတာ မိဘတေွက ရေွးပေးသင့်ပါတယ်။
နောက်ပိုင်းမှာတော့ ကလေးတေွဘာကြိုက်မလဲဆိုတာ သူတို ့ဘာသာဆုံးဖြတ်ကြပါစေနော်။
တူရိယာသံစဉ်လေးတေွ သင်တာဟာ ကလေးတေွအတွက် အရမ်းကိုပျော်ရှွင်စေပြီး သူတို ့ရဲ ့ စိတ်ထွက်ပေါက်ကိုရစေပါတယ်။
ငယ်ငယ်လေးကတည်းက တူရိယာလေးတေွကို သင်တဲ့အခါ ကြီးတဲ့အထိ ကလေးတေွရဲ ့ စိတ်ပိုင်းဆိုင်ရာကိုအထောက်အကူပြုပါတယ်။
သံစဉ်တေွကိုသင်ကြားတာဟာ ကလေးရဲ ့ကိုယ်ပိုင်အစွမ်းအစတေွကို ပိုထွက်လာစေတဲ့အပြင် ပိုပြီးတော့လဲတော်လာစေပါတယ်။
ကလေးကို ဘယ်တူရိယာက ဘာလဲဆိုတာ သေချာပြောပြပြီး ကလေးသင်ချင်တာကိုပဲဦးစားပေးပါ။
တူရိယာသံစဉ်လေးတေွရှိတဲ့ ကမ႓ာဟာ နူးညံ့သိမ်မေွ ့ပြီး ကလေးကိုလဲ ပျော်ရွှင်နေစေအောင် ဆွဲဆောင်စေတာပါ။
တူရိယာလေးတေွသင်ခြင်းရဲ ့ကောင်းကျိုး~
တူရိယာလေးတေွကို ကလေးအသက် ၅နှစ်မှစပြီး သင်ပေးလို ့ရပါပြီ။
ဒီလိုစောစောသင်ယူစေတာက ကလေးကိုလဲ ပိုပျော်ရွှင်စေပါတယ်။
ကလေးကိုယ်တိုင်က တူရိယာတေွကို လိုလိုလားလား သင်ချင်စိတ်ရှိတဲ့အခါ သူ ့စိတ်ကြိုက် ရေွးချယ်ပါစေ။
သူ ့ရဲ ့တူရိယာလေးဟာ သူ ့အတွက် တသက်လုံးအဖော်ကောင်းဖြစ်နေစေတာမို ့ပါ။
သီချင်းသံစဉ်တေွကြောင့် ကလေးရဲ ့တိုးတက်မှု~
ဒီလိုသင်ကြားခြင်းဟာ ကလေးအတွက် အကျိုးကျေးဇူးတေွအများကြီးရစေပြီး သီချင်းတေွလဲ မြတ်နိုးတတ်အောင်သင်ကြားပေးတာပါ။
သီချင်းလေးတေွကို ချစ်တဲ့ ကလေးတိုင်းမှာ နူးညံ့တဲ့နှလုံးသားနဲ ့ ဖန်တီးတီထွင်နိုင်တဲ့ဦးနေှာက်ဉာဏ် ရှိပါတယ်။
ကလေးရဲ ့ရေှ ့မှာ တူရိယာတေွဆွဲဆောင်ခြင်း~
ကလေးအသက် ၅နှစ်မတိုင်ခင်ကတည်းက ကလေးရေှ ့မှာ တူရိယာတစ်ခုခု တီးပြတယ်ဆိုရင်လဲ ကလေးကိုတူရိယာတေွနဲ့ ရင်းနှီးအောင်ဆွဲဆောင်ခြင်းတစ်ခုပါပဲ။
စန္ဒရား/ ဒရမ်/ တယော/ ပတ္တလားစသဖြင့် တီးပြပေးပါနော်။
အသက်၆နှစ်လောက်ရောက်တဲ့အခါမှာတော့ ကလေးက သံစဉ်သင်္ကေတလေးတေွကိုပါ လိုက်မှတ်နိုင်ပါပြီ။
ကလေးတေွကို ဖုန်းတေွ/ကွန်ပျုတာတေွပေးသုံးတာထက် တူရိယာလေးတေွသင်ပေးတာက ကလေးအတွက် ကျန်းမာရေးပိုကောင်းစေပါတယ်မေမေတို ့ရေ....
TZWMA(Kyarlay)