မေမေတို့ရေ ဘေဘီလေးတွေရဲ့ ဖွံ့ဖြိုးမှုနဲ့ ဉာဏ်ရည်ထက်မြက်မှု၊ ကြီးထွားမှုတွေကို အထောက်အကူပြုစေဖို့အတွက်အတွက် ဖေဖေ၊ မေမေတွေကိုယ်တိုင်က လေ့ကျင့်ပေးလို့ရပါတယ်။ ငယ်စဉ်ကတည်းက ကလေးတေွရဲ့ အနီးပတ်ဝန်းကျင်မှာ အရောင်လေးတွေပါတဲ့ အသုံးအဆောင်တွေ၊ ကစားစရာလေးတွေနဲ့ ထားရှိပေးခြင်းကလည်း လေ့ကျင့်မှုတစ်ခုပါပဲနော်။ ပစ္စည်းလေးတွေကို လှမ်းယူတတ်အောင် ကလေးငယ်စိတ်ဝင်စားမယ့် ကစားစရာလေးတွေနဲ့လည်း လေ့ကျင့်ပေးနိုင်ပါတယ်။
တစ်ခုသတိထားဖို့လိုတာကတော့ ဘေဘီလေးတွေအနီးပတ်ဝန်းကျင်မှာထားရှိပေးမယ့် ကစားစရာပစ္စည်းတွေကို ကလေးတွေအတွက် ထိခိုက်မှုမရှိစေမယ့်ပစ္စည်းလေးတွေကိုသာ ရွေးချယ်ပေးဖို့လိုပါတယ်။ ကစားစရာအမာတွေအစား ပျော့ပျောင်းပြီး အိစက်တဲ့ကစားစရာတွေ၊ ဖျင်ကစားစရာတွေ၊ ကလေးတွေအတွက် ထိခိုက်မှုမရှိစေနိုင်မယ့်ပစ္စည်းလေးတွေကိုသာ ရွေးချယ်သင့်ပါတယ်။
နောက်ပြီးငယ်စဉ်ကတည်းက ကလေးတွေအတွက် ဆော့ကစားစေတဲ့ ဂျောက်ဂျက်လိုကစားစရာတွေက ကလေးတွေပျော်စေရုံသက်သက်မဟုတ်ပါဘူး။ ကလေးတွေရဲ့ အကြားအာရုံဖွံ့ဖြိုးမှုအတွက်လည်း အထောက်အပံ့ဖြစ်စေပါတယ်။ နောက်ပြီး အရောင်စုံကစားစရာလေးတွေက ကလေးတွေရဲ့ အမြင်အာရုံဖွံ့ဖြိုးမှုမှာ အထောက်အကူပြုစေပါတယ်နော်။ အဲ့ဒါကြောင့်လည်း လူကြီးမိဘတွေက ကလေးတွေရဲ့ ဖွံ့ဖြိုးမှု ကြီးထွားမှုတွေအထောက်အပံ့ဖြစ်စေဖို့ ငယ်စဉ်ကတည်းက လေ့ကျင့်ပေးနိုင်ကြဖို့အတွက် ကျားလေးက မျှဝေပေးလိုက်ပါတယ်နော်။
ပျော်ရွှင်ကျန်းမာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး