
ကလေးတေွကိုရိုက်နှက်ပြီး မဆုံးမသင့်ပါဘူး။
ကိုယ့်သားသမီး ကိုယ်ပိုင်တယ် ဆိုပြီး ကလေးတေွကိုပစ္စည်းတစ်ခုလိုသဘောထားတယ်။
ကလေးကိုကြိုက်သလိုဆုံးမမယ်ဆိုတာက ခုခေတ်မှာလုပ်လို ့မရပါဘူး။
မေွးလာတဲ့ကလေးဟာ ကိုယ့်ကလေးမှန်ပေမယ့် ကလေးကိုမြေတောင်မြေှာက်ပေးဖို ့ပဲမိဘမှာတာဝန်ရှိပါတယ်။
ကလေးကိုကြိုက်သလိုဆုံးမပိုင်ခွင့် မိဘတေွမှာမရှိပါဘူး။
ကလေးမှာလဲ လူသားတစ်ယောက် အနေနဲ ့အခွင့်အရေးဆိုတာရှိပါတယ်။
သူ တို ့ကိုချစ်ခင်ရမယ်။ လေးစားတန်ဖိုးထားရပါမယ်။
အတုမြင် အတတ်သင်ကလေးများ~
ကလေးကိုရိုက်ပြီးဆုံးမတဲ့အခါ လူကြီးကိုပြန်မအော်ရဘူး ၊ဆူဆောင့်အောင့်တာမလုပ်ရဘူးလို ့ဘယ်လောက်ပဲဆုံးမနေပါစေ
ကလေးရေှ ့မှာ ဒီလိုအပြုအမူတေွ လုပ်ပြနေမှတော့ ကလေးကလိုက်လုပ်တာဟာမဆန်းပါဘူး။
ကလေးကိုအဲ့လိုအပြုအမူတေွအလုပ်ပဲပိုချစ်ခင်ပေးပါ။
ကိုယ့်ကို ချစ်ချစ်ခင်ခင်နေတဲ့သူနဲ ့ကြမ်းကြမ်းတမ်းတမ်းပြောဆိုတဲ့သူတေွမှာ လူကြီးတေွဆိုရင်ကော ဘယ်လိုလူကို ကောင်းကောင်းမွန်မွန်ပြန်ဆက်ဆံမလဲတေွးကြည့်ပါ။
လူကြီးတေွရဲ ့အပြုအမူတိုင်းဟာ ကလေးတေွကိုသင်သလိုဖြစ်နေတာမို ့အကုန်လုံးကိုသတိပြုသင့်ပါတယ်နော်။
အရင်ကမှားနေခဲ့တဲ့ အစဉ်အလာတေွ~

အရင်ခေတ်က လူကြီးတေွ မှားနေခဲ့တဲ့အယူအဆတေွအကုန်လုံးကိုပြောင်းလဲပစ်ရပါမယ်။
အဘိုး၊အဘွားတေွလက်ထပ်က ရိုက်နှက်ဆုံးမခဲ့တာတေွက မကောင်းမှန်းသိသိလျက်နဲ ့ မိဘတေွက ကိုယ့်သားသမီးတေွကိုလဲ ဆက်ပြီးကျင့်သုံးနေမယ်ဆိုရင်တော့
မိဘနဲ ့သားသမီးကြားအဆင်မပြေနိုင်ပါဘူး။
တယူသန်စိတ်တေွမထားပဲ အမှန်တရားကိုပဲမြင်အောင်ကြည့်စေချင်ပါတယ် မေမေတို ့ရေ။
ကလေးများကိုလေးလေးစားစားဆက်ဆံပါ~

မိဘရယ်လို ့ဖြစ်လာတာနဲ ့ငေွရှာတဲ့တာဝန်တေွ ၊ အလုပ်ထဲကပြသနာတေွ ၊ကိုယ့်ကလေးအတွက် စသဖြင့် ခေါင်းထဲမှာ အကုန်ထည့်ထားရတာမို ့တခါတရံမှာစိတ်ရှုပ်ရလေ့ရှိပါတယ်။
ကိုယ်သူများကိုစိတ်တိုတိုင်း သားသမီးကိုမဲတာမျိုး ၊ အငြိှုးနဲ ့ပြောတာမျိုး ၊ကြမ်းတမ်းတဲ့စကားတေွပြောတာဟာ မိဘတစ်ယောက်အနေနဲ ့လုံးဝမလုပ်သင့်တဲ့အရာတေွပါ။
ကလေးတေွက ဒီလိုကိစ္စတေွှဖစ်အောင်လုပ်တာမှ မဟုတ်ပဲနော်။
ဒါ့ကြောင့် အလုပ်ကိစ္စတေွကို အလုပ်မှာပဲပြီးအောင်အပြတ်ဖြတ်ခဲ့ပါ မေမေတို ့ရေ။
ကလေးတေွက သိပ်စိတ်ဝင်စားစရာကောင်းပါတယ်။
ငယ်တဲ့ ကလေးလေးတေွဆိုရင် သူတို ့လေးတေွက ရှုထောင့်တစ်မျိုးကိုပဲမြင်တတ်ကြပါတယ်။
အခြားသူတေွဘယ်လိုမြင်မလဲဆိုတဲ့ ရှုထောင့်ကိုမှမကြည့်တတ်သေးတဲ့အပြင် စဉ်းလဲမစဉ်းစားတတ်သေးပါဘူး။
အဲဒီလိုမစဉ်းစားတတ်တာကို အပြစ်မတင်ပါနဲ ့နော်။
အသက်ကြီးလာတဲ့အချိန်မှာ လူကြီးတေွလိုပဲ ၂ဖက်မြင်တတ်လာကြပါတယ်။
ဒီလိုအချိန်မှာမှ ကိုယ့်ဘက်ကိုပဲကြည့်တတ်တာကိုတော့ အတ္တကြီးတယ်လို ့ခေါ်ပါတယ်။
ဒါ့ကြောင့် ကလေးငယ်လေးတေွကို အတ္တကြီးတဲ့သူတေွအဖြစ် လမ်းကြောင်းမလွဲစေဖို ့မိဘတေွမှာ တာဝန်ရှိပါတယ်နော်။
ကျန်းမာပျော်ရွှင်ပြီး သာယာတဲ့ မိသားစုဘဝလေးပိုင်ဆိုင်နိုင်ကြပါစေရှင်........
TZWMA(Kyarlay)