ယနေ့ခေတ်ကာလမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ ရိုးရိုးမွေးတာထက်စာရင် ခွဲမွေးတာကို ပိုပြီး သဘောကျ ကြပါတယ်။
ဗိုက်ခွဲမွေးရတာဟာ မိမိလိုချင်တဲ့ နေ့ကောင်းရက်မြတ်တွေကို မွေးလို့ရသလို မမွေးခင် ဗိုက်နာတဲ့ နာကျင်မှုတွေကို မခံစားရတဲ့ အတွက်ကြောင့်ပါ။
ရိုးရိုးမွေးနိုင်မယ်ထင်ပြီးမှ ခွဲမွေးလိုက်တာက ပိုပြီးဆိုးကျိုးများပါတယ်။
အဲတာကြောင့် ရိုးရိုးမွေးနိုင်မှ ရိုးရိုးမွေးမယ်လို့ ဆုံးဖြတ်ချက်ချကြပါ။
အစကတည်းက ရိုးရိုးမမွေးနိုင်ဘူး ခွဲမွေးမယ်ဆိုရင်လည်း ကြိုတင် အစီအစဉ်ချပြီး ခွဲမွေးတာက ပိုကောင်းပါတယ်။
ခွဲမွေးတာကလည်း အားနည်းချက်၊ အားသာချက်တွေရှိပါတယ်။
အားသာချက်ကတော့
****************
ခွဲမွေးရခြင်းဟာ ဘယ်နေ့ ဘယ်ရက် ဘယ်အချိန်မှာ မွေးရမယ်ဆိုတာ ကြိုသိတယ်။ ကိုယ်ကြိုက်တဲ့ ရက်ကိုမွေးနိုင်တယ်။ ခွဲမွေးပြီးရင် ပြီးသွားပြီ။
ရိုးရိုးမွေ'တဲ့သူတွေလို ဗိုက်နာပြီးရင် ငါက မွေးနိုင်မှာလား၊ မမွေးနိုင်ဘူးလား။
ငါက လျောလျောရှူရှူဖြစ်ပါ့မလား၊ ငါ့ကလေးညှပ်ဆွဲခံရမလား၊ ငါ့ကလေး လေစုတ်ခံရမလား အဲလိုမျိုးတွေ ပူပန်စရာ မလိုတော့ဘူး။
ယနေ့ခေတ်မှာ မေ့ဆေးတွေကလည်းကောင်းတယ်၊ တိုးတတ်လာတယ် ချုပ်ရိုးတွေကအစ ကောင်းလာသောကြောင့် နောက်ဆက်တွဲ ပြဿနာ အင်မတန် နည်းလာတယ်။
ဗိုက်ခွဲမွေးတာရဲ့ ကောင်းတဲ့အချက်က ဗိုက်မနာဘူး။ ထုံဆေးနဲ့ ဆိုတော့ မနာဘဲ မွေးနိုင်တယ်။
အားနည်းချက်ကတော့
******************
ဗိုက်ခွဲမွေးတာဟာ ပထမ သားဦးမှာတော့ ကလေးရော ၊အမေရော အန္တရာယ်သိပ်မရှိပေမယ့်၊ ပထမခွဲကြောင်းရှိနေတဲ့ အမေတစ်ယောက်ကို နောက်ထပ်ခွဲမွေးမယ်ဆိုတဲ့ နေရာက အန္တရာယ်များပါတယ်။ နှစ်ယောက်၊ သုံးယောက်ထက်ပိုပြီး မခွဲတာကောင်းတယ်။
၄ခါ ၊ ၅ ခါ ခွဲမွေးမယ်ဆိုရင် အရင်ခွဲကြောင်းဟာ ဗိုက်မနာခင်မှာ ကွဲထွက်သွားနိုင်တယ်။ ချုပ်ရိုးနှစ်ကြောင်းဆိုရင်တော့ ခွဲမွေးလို့ မရပါဘူး။
မှတ်ချက်။ ။ မေ့ရင်သွေး မဂ္ဂဇင်း V0l;1 , No.4 နိုဝင်ဘာလထုတ်မှ ကောက်နုတ်ထားပါသည်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး