
မိခင်တစ်ဦးဟာ သူ့ရင်သေွးကိုယ်ဝန်ကို စတင်လွယ်ထားရချိန်ကနေစတင်ပြီး ကလေးငယ်အပေါ် စိုးရိမ်ပူပန်မှုတေွ အမြဲတမ်းရှိနေတတ်ပါတယ်။ နေမှကောင်းရဲ့လား ၊ ဗိုက်များဆာနေမလား ၊ အိပ်ရေးရောဝရဲ့လား ၊ မူကြိုမှာရော အဆင်ပြေရဲ့လား ၊ စာတေွရောလိုက်နိုင်ရဲ့လား စသဖြင့် မေးခွန်းပေါင်းများစွာနဲ့ ရှုထောင့်အသီးသီးကနေ စိုးရိမ်လေ့ ရှိကြပါတယ်

သင့်ကလေးဟာ ကျောင်းမှာ စာတေွနဲ့ ရုန်းကန်နေရတယ်လို့ သင့်အနေနဲ့ ခံစားရတဲ့အခါမျိုးမှာ ကလေးငယ်ရဲ့ အိမ်စာတေွကို ဝိုင်းကူလုပ်ပေးဖြစ်မှာ အသေအချာပါပဲ။ အဲ့ဒီ့အချိန်မှာ သင့်ကလေးရဲ့ အခက်အခဲမှန်သမှျကို အကောင်းဆုံး ဖြေရှင်းပေးဖြစ်မှာပါ။ ဒါပေမယ့် ဒီလိုလုပ်ပေးခြင်းဟာ သင့်ကလေးအတွက် ဆိုးကျိုးတေွ ရှိနေနိုင်ပါတယ်။

တစ်ဒင်္ဂအနေနဲ့ ကြည့်မယ်ဆိုရင်တော့ သင့်ကလေးဟာ အိမ်စာတေွ အလွယ်တကူပဲ ပြီးသွားတာကြောင့် ကျန်တဲ့အချိန်တေွမှာ လွတ်လွတ်လပ်လပ်နေရမယ် ၊ အိပ်ရေးဝဝအိပ်ရမယ် ၊ ဖိအားတေွလည်း နည်းနည်းလျော့သွားမယ် ၊ စတဲ့ ခဏတာအကျိုးကျေးဇူးတေွတော့ ရမှာပါ။ ဒါပေမယ့် ရေရှည်အတွက်တော့ ဘယ်လိုနည်းနဲ့မှ ကောင်းမွန်ခြင်း မရှိပါဘူး။

လူမှုဗေဒပညာရှင်တေွက မိဘတေွအနေနဲ့ သားသမီးရဲ့ ပညာရေးကို အခုလိုနည်းလမ်းနဲ့ ပါဝင်စွက်ဖက်ခြင်းဟာ ကလေးငယ်ရဲ့ စိတ်ပိုင်းဆိုင်ရာကို များစွာ အနေှာက်အယှက်ပေးနိုင်ပြီး သူတို့ကိုယ်တိုင်လုပ်ဆောင်ရမယ့် တာဝန်ကို ပြီးဆုံးအောင် မဆောင်ရွက်နိုင်ဘူးဆိုတဲ့ စိတ်ဓာတ်ကျမှုတေွ ၊ အချိန်တန်ရင် မေမေလုပ်ပေးမှာပဲဆိုတဲ့ ပျင်းရိမှုတေွ ဝင်ရောက်လာမှာဖြစ်တယ်လို့ အခိုင်အမာ ဆိုခဲ့ပါတယ်။

ဒါ့ကြောင့် သင့်အနေနဲ့ သင့်ကလေးရဲ့ အိမ်စာတေွကို ကူမလုပ်ပေးသင့်ပဲ သင့်ကလေးအနေနဲ့ ယခုလို စာမနိုင်မနင်း ဖြစ်နေတဲ့အခါမျိုးမှာ ဒါဟာ သင့်အတွက် စိန်ခေါ်မှုပဲ ၊ ပြီးဆုံးအောင်လုပ်ရမယ့် တာဝန်ရှိတယ် စသဖြင့် အားဖြစ်စေမယ့် စကားလုံးများ ပြောဆိုပေးသင့်ပါတယ်။
HYA (kyarlay)