
ကိုယ်ဝန်ဆောင်နေစဉ်မှာတော့ ကိုယ်ခန္ဓာနာကျင်များဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတစ်ခုပါပဲ။ဖြစ်ရခြင်းအကြောင်းရင်းကလည်း ကိုယ်ဝန်ဆောင်နေစဉ် ၀န်ပိုကိုလွယ်ထားရလို့ပါပဲ၊ ကိုယ်ခန္ဓာမှာ ရှိတဲ့ ဆက်ကြောများဟာ မီးဖွားချိန်မှာ မွေးဖွားရလွယ်ကူရန် ပုံမှန်ထက် ပိုမို ပျော့ပြောင်းသွားတတ်ပါတယ်။

ကိုယ်ဝန်ဆောင်နေစဉ်ကာလ ၉ လမှာ ၀န်ရဲ့ ဖိအားက တင်ပါးဆုံကြွက်သား၊ သားအိမ်၊နဲ့ အဆစ်အရွတ်များအပေါ်သက်ရောက်မှုရှိခြင်းကြောင့် ဒူးနာခြင်းဖြစ်ပေါ်ရပါတယ်။ ဒူးနာခြင်းကတော့ အမျိုးသမီးအများစုမှာဖြစ်ပွားပြီး ကလေးမွေးဖွားခါနီးမှာ ကြွက်သားများပျော့ပြောင်းလာခြင်းကြောင့် အဖြစ်များပြီး ကိုယ်ခန္ဓာအလေးချိန်တိုးလာခြင်းကလည်း အကြောင်းရင်း တစ်ခုဖြစ်ပါတယ်။

လေ့ကျင့်ခန်း အလွန်အကျွံလုပ်ခြင်းကလည်းဒူးနာခြင်းကို ဖြစ်စေသလို ချော်လဲခြင်းနှင့် မတော်တဆများကြောင့်လည်း ဒူးနာခြင်းဖြစ်တတ်ပါသေးတယ်။ ကိုယ်ခန္ဓာရဲ့အလေးချိန်ကို ဒူးနှစ်ဖက်က အထမ်းများနေချိန်မှာ မတ်တပ်အရပ်များခြင်းကြောင့်လည်း ဒူးနာခြင်း ဖြစ်ရပါတယ်။ ကိုယ်ခန္ဓာမှသတ္တုဓာတ်တစ်မျိုးဖြစ်တဲ့ ကယ်လဆီယမ်ဓာတ် ချို့တဲ့ခြင်းကြောင့်လည်း ဒူးနာခြင်းဖြစ်နိုင်ချေများပြားပါတယ်။

ဒူးနာကျင်ခြင်းကို လျှော့ချရန်အတွက်တော့ အားအရမ်းသုံးရန်မလိုအပ်သော အားကစားများကိုသာ ပြုလုပ်ခြင်း၊ ခြေထောက်များကို အနားပေးခြင်းများပြုလုပ်သင့်ပါတယ်၊ မှန်ကန်သော ဖိနပ်ရွေးချယ်မှုကလည်း အရေးပါသလို ကိုယ်ခန္ဓာရဲ့အလေးချိန်ကိုလည်း ထိန်းသိမ်းထားသင့်ပါတယ်။ ဒူးနာသက်သာစေသော ဒူးပတ်များကိုလည်း အသုံးပြုနိုင်ပြီး ရေနွေးပူ အိတ်ကပ်ပေးခြင်း၊ များလည်းလုပ်ပေးနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်နေစဉ် အနှိပ်ခံခြင်းကလည်း နာကျင်မှုကို သက်သာစေသလို မှန်ကန်သော စားသောက်နေထိုင်မှုကလည်း ကျန်းမာရေးနဲ့ညီညွတ်ပြီး လိုအပ်သော ဗီတာမင်ဓာတ်များနဲ့ သတ္တုဓာတ်များကို ဖြည့်တင်းပေးနိုင်မှာပါ။ ကောင်းမွန်သောအနားယူမှုလည်းလိုအပ်သလို နာကျင်မှုပြင်းထန်ပါကလည်း ဆရာဝန်နဲ့တိုင်ပင်ပြီး သန္ဓေသားကို မထိခိုက်သော စားဆေးများကို မှီဝဲနိုင်ပါသေးတယ်။
MiGi