မိမိ၏ရင်သွေးလေးများ ဖွံ့ဖြိုးတိုးတတ်မှုကို ဖေဖေ၊ မေမေတို့ သိထားရန် လိုအပ်ပါသည်။ ဆရာဝန်တွေများကဲ့သို့ အသေးစိတ် မသိရှိနိုင်သော်လည်း အရေးကြီးတဲ့ ဖွံ့ဖြိုးမှုမှတ်တိုင်များကို သိရှိဖို့လိုပါတယ်။ ဖွံ့ဖြိုးမှုမှတ်တိုင်များကို မသိရှိပါက မိမိကလေးရဲ့ ဖွံ့ဖြိုးမှုဟာ ပုံမှန်၊ ဟုတ်မဟုတ် လားဆိုတာကို သိရှိရမယ်။ စောစီးစွာ သိရှိမှသာ အချိန်မှီ ကြိုတင်ကာကွယ်ခြင်းနှင့် မှန်ကန်စွာ ပြုစုပျိုးထောင်နိုင်မှာ ဖြစ်ပါတယ်။
၁လ
မွေးစမှ ၁ လအထိမှာ လက်သီး တင်းတင်းကြပ်ကြပ် ဆုတ်တတ်ကြပါတယ်။ အကြားအာရုံကာင်းတဲ့ ကလေးဟာ အသံလာရာဘက်ကို လိုက်ကြည့်တတ်ကြပါတယ်။အသံကျယ်ကျယ်ကြားရင် လန့်ပြီး ထငိုတတ်ပါတယ်။
၂လ
၂လလောက်မှာ ခေါင်းထောင်စပြုပြီး အသံလာရာဘက်ကို ခေါင်းလှည့်ကြည့်တတ်ပါတယ်။
၃လ
၃လမှာ ခေါင်းပိုခိုင်လာပြီး ခေါင်းထောင်ပြီးမှောက်နိုင်လာပါတယ်။ ချော့မြှူသူရဲ့ မျက်လုံးကို ကောင်းကောင်းကြည့်တတ်လာတယ်။
၄လ
၄လမှာ ခေါင်းနှင့် ပခုံးပါ ပိုထောင်လာနိုင်တယ် မှောက်နိုင်လာတယ်။ တွားသွားလာပြီး လိုချင်တဲ့ အရာတွေကို လှမ်းယူတတ်ကြပါတယ်။ လက်သီးဆုတ် ပြေလာတတ်တယ်။
၅လ
၅လလောက်မှာ အရာဝတ္ထုတွေကို လိုက်ဆွဲပြီး လက်ထောက်ပြီး ထိုင်နိုင်လာတယ်။
၆လ
၆လမှာ ကစားစရာ ၀တ္ထုတွေကို လက်တစ်ဖက်မှ လက်တစ်ဖက်သို့ ပြောင်းကိုင်လာနိုင်တယ်။ ၆မှာ အထောက်အကူမပါဘဲ ထိုင်နိုင်လာတယ်။ ၆လကျော်လို့မှ မထိုင်သေး၊ လက်သီးဆုတ်မပြေသေးရင် အရေးကြီးပါတယ်။
၇လ
ရလလောက်မှာ လေးဘက်တွားသွားလာပါတယ်။ ကလေးသီချင်း၊ ကလေးကဗျာလေးတွေကို ဖွင့်ပြရင် နားထောင် သဘောကျတတ်လာတယ်။
၈လ
၈လအရွယ်မှာ မိဘတွေရဲ့ သွားလာလှုပ်ရှားမှုတိုင်းကို ကလေးက လိုက်ကြည့်တတ်ပြီ။
၉လ
၉လ မှာ လက် ၂ဖက်ကိုဆွဲထူရင် ခေါင်းမကျန်ဘဲပါလာရမယ်။ အိပ်ရာထဲမှာ ဘာအထောက်အကူမှ မပါဘဲ ကောင်းကောင်းထိုင်နိုင်ပြီ ဖြစ်ပါသည်။
ဘာမှ အကူအညီမပါဘဲ ကောင်းကောင်း ထိုင်နိုင်ပါပြီ။
၁၀လ
၁၀ လသားမှာ လက်မ၊ လက်ညှိုးဖြင့် ပစ္စည်းများကို ကောက်တတ်လာတယ်။ လက်ကိုဝှေ့ယမ်းပြီး “ တာ့တာ” “ Fly Kiss ” လုပ်နိုင်ပါပြီ။
၁နှစ်သားလေးရဲ့ ဖွံ့ဖြိုးမှု မှတ်တိုင်
၁ နှစ်သားရောက်ပြီဆိုရင် တစ်ခုခုကိုဆွဲပြီး မတ်တပ်ရပ်နိုင်ပါပြီ။
ကိုင်စရာဖြင့်လမ်းစလျှောက်ပါပြီ
တူတူရေးဝါး ကစားတတ်လာပြီ၊ စကားတစ်လုံးစနှစ်လုံးစကို ၀ူးဝူးဝါးဝါး ဖေ၊ မေ ခေါ်တတ်လာပြီ။
၁ နှစ်ပြည့်လို့မှ ဝူးဝူးဝါးဝါး နှင့် လမ်းမလျှောက်တတ်ရင် အရေးကြီးကြီးပါတယ်။
ဖေဖေ၊ မေမေများ ရင်သွေးလေးတွေ အတွက် ကျန်းမာရေး ဗဟုသုတတွေရကြပါစေ။
မှတ်ချက်။ ။ မေ့ရင်သွေးမဂ္ဂဇင်းမှ ကောက်နုတ်ဖော်ပြသည်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး